ရှေ့သို့
Image

ဖီဖာ-၂၃ဂိမ်းမှာ Rating ၉၁အထိ သတ်မှတ်ခံလိုက်ရတဲ့ ၀ရက်စ်ဟမ်းစတား မူလင်

12:22 PM, 12 June

ယခုနှစ်မှာ ပုံစံကောင်းပြသကာ အင်္ဂလန်အမျိုးသားအပျော်တမ်းလိဂ်တွင် ဘိုဟမ်းဝုဗ်အသင်းကို ၃ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာကြောင့် လိဂ် ၂ ကို တန်းတက်ခွင့်ရခဲ့တဲ့ စူပါစတားမင်းသား ရိုင်ယန်ရေးနိုးလ်ရဲ့ ကလပ်အသင်းဖြစ်တဲ့ ၀ရက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်ကစားသမား ပေါလ်မူလင် က ဖီဖာ-၂၃ဂိမ်းရဲ့ စံနှုန်းသတ်မှတ်မှုနှုန်းတွင် ၉၁အထိ ပေးအပ်ခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

မူလင်အနေဖြင့် အမျိုးသားအပျော်တမ်းလိဂ် ပြိုင်ပွဲ မစတင်ခင်တွင် ဖီဖာဘောလုံးဂိမ်းအတွင်း စံနှုန်းသတ်မှတ်ချက် ၆၇အထိသာ ပေးထားခံခဲ့ရပေမဲ့ ယခုနှစ်ဘောလုံးရာသီတွင်း လိဂ်သွင်းဂိုး ၃၈ဂိုးအထိ သွင်းယူကာ အံ့အားသင့်ဖွယ်စွမ်းဆောင်ရည် ပြသပြီး ၀ရက်စ်ဟမ်းအသင်းကို ချန်ပီယံဖြစ်စေခဲ့ရာမှတစ်ဆင့် လိဂ်-၂ ပြိုင်ပွဲကိုပါ တန်းတက်စေခဲ့တာကြောင့် ဖီဖာ-၂၃အတွင်း သတ်မှတ်ချက် ၉၁အထိ မြင့်တက်လာခဲ့ရတာ ဖြစ်ပါတယ်။

နာမည်ကျော် ဗြိတိန်မင်းသား ရေးနိုးလ်ပိုင်ဆိုင်တဲ့ ၀ရက်စ်ဟမ်းအသင်းက ဝေးလ်အခြစိုက်ကလပ်အသင်း တစ်ခုဖြစ်သလို ဝေးလ်နိုင်ငံရဲ့ သက်တန်းအရှည်ကြားဆုံးကလပ်အသင်းဖြစ်ပါ ရပ်တည်နေတာ ဖြစ်ပါတယ်။

အမျိုးသား အပျော်တမ်းလိဂ်ပြိုင်ပွဲအတွင်း ရမှတ် ၁၁၁မှတ်ဖြင့် ချန်ပီယံဖြစ်ထားကာ ပိုင်ရှင် ရေးနိုးလ်ကိုယ်တိုင် ကမ္ဘာ့မီဒီယာတွေအထက်မှာ နာမည်ကျော်ကြားလာရန် စွမ်းဆောင်ပေးခဲ့တဲ့ ၀ရက်စ်ဟမ်းအသင်းအနေဖြင့် ရှေ့လာမယ့် ဘောလုံးရာသီသစ်အတွက် ရာသီကြို ခြေစမ်းပွဲစဉ်တွေအဖြစ် အင်္ဂလန်ရဲ့ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးအသင်းတို့ နဲ့ ခြေစမ်းကစားသွားရန် စီစဉ်ထားတာပဲ ဖြစ်ပါတယ်။ 

#ရိုင်ယန်ရေးနိုးလ်