ပွဲထွက်ခွင့်ရပါက ချဲလ်ဆီးကို ပြောင်းရွှေ့ကစားရန် ဖြစ်နိုင်ကြောင်း ပြောလိုက်တဲ့ မီစလီယာ
11:23 AM, 12 June
အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ပိုင်ဆိုင်မှုနဲ့အတူ ချဲလ်ဆီးအသင်းက အပြောင်းအရွှေ့ကာလ ၂ခုအတွင်း မြင့်မားတဲ့ အသုံးစရိတ်နှုန်းထားဖြင့် ထိပ်တန်း ကစားသမားခေါ်ယူမှုတွေကို ပြုလုပ်ထားခဲ့ပေမဲ့ ရလဒ်အတော်လေး အားနည်းခဲ့တာကြောင့် ကစားသမားထပ်မံဖြည့်တင်းရန် ပြင်ဆင်နေပြီး ပစ်မှတ် ကစားသမား မီစလီယာက ပွဲကစားခွင့်အာမခံချက်ရရန် ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း လိဒ်ယူနိုက်တက်အသင်းနဲ့အတူ ထိပ်တန်းလက်စွမ်းကောင်း ပြသနိုင်ခဲ့တာကြောင့် လိဂ်အတွင်း ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုမြင့်တက်လာတဲ့ အသက် ၂၃နှစ်အရွယ် ဂိုးသမား မီစလီယာအနေဖြင့် ရာသီကုန်မှာ တန်းဆင်းခဲ့ရတဲ့ လိဒ်ယူနိုက်တက်အသင်းကနေ ထွက်ခွာနိုင်ခြေများနေပြီး ချဲလ်ဆီးအသင်းကလည်း ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက မီစလီယာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ဖြင့် ကမ်းလှမ်းရန် လုပ်ဆောင်နေချိန်မှာ ကစားသမားဘက်က ပွဲထွက်ကစားခွင့် ခိုင်မာပါက လန်ဒန်ကလပ်တွင် ကစားရန် ဆန္ဒရှိတဲ့အကြောင်း ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းနဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပက်သက်လို့ လိဒ်ယူနိုက်တက်ဂိုးသမား မီစလီယာ က
“တကယ်လို့ ချဲလ်ဆီးမှာ အရန်ခုံထိုင်ရမယ်ဆိုရင် ကျွန်တော်တော့ မပြောင်းရွှေ့ချင်ပါဘူး။ ပွဲထွက်ကစားသမားအဖြစ် နံပတ်တစ်နေရာမှာ ကစားရမယ်ဆိုရင် ကျွန်တော်ချဲလ်ဆီးကို မပြောင်းရွှေ့နိုင်ဘူးလို့ ခင်ဗျားတို့ မယူဆနိုင်တော့ပါဘူး။ ဥရောပကလပ်အသင်းကြီးတွေမှာ ကစားခွင့်ရမှာထက် ပွဲကစားခွင့်ပိုရမယ့် ကလပ်အသင်းတွင်သာ နေချင်ပါတယ်” လို့
ဖွင့်ဟ လိုက်တာပဲ ဖြစ်ပါတယ်။