ရှေ့သို့
Image

ဆော်ဒီကို ပြောင်းရွှေ့ဖို့အတွက် လစာလေးဆနဲ့ ကမ်းလှမ်းခံရတဲ့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ

3:55 PM, 11 June

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီသည် လာမည့်ရာသီတွင် ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်ဟီလယ် သို့ ပြောင်းရွှေ့ရန်အတွက် လစာ ယူရို ၂၈ သန်းဖြင့် ကမ်းလှမ်းခံရကြောင်း သတင်းများထွက်ပေါ်နေပါတယ်။


အဆိုပါ နည်းပြဖြစ်သူကိုခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အယ်လ်ဟီလယ်အသင်းဟာ ၎င်းအတွက် လစာ ယူရို ၂၈ သန်းနှင့်ကမ်းလှမ်းခဲ့ပြီးနောက် မက်ဆီကို ထပ်မံခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။


အီတလီမီဒီယာများ ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည်လည်း  အီတလီသားနည်းပြကို ဆွဲဆောင်ဖို့အတွက် ယူရို ၇ သန်းနဲ့ အပိုဆုကြေးငွေများ ပြင်ဆင်ထားကြောင်းသိရပါတယ်။


အယ်လီဂရီနှင့် သဘောတူညီချက်ကို အပြီးသတ်ရန် ဆော်ဒီအဖွဲ့မှ ကိုယ်စားလှယ်များသည် လာမည့် ၄၈ နာရီအတွင်း မွန်တီကာလို တွင် အယ်လီဂရီ နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။


မကြာသေးမီအချိန်များက ဆော်ဒီအာရေးဗီးယားကလပ်များသည် ဥရောပရှိ ထိပ်တန်းပါရမီရှင်အချို့ကို ခေါ်ယူခဲ့တာကြောင့် အားလုံးက မျက်စိကျနေကြပါတယ်။


ပြီးခဲ့တဲ့ ဇန်န၀ါရီလတွင် ရော်နယ်ဒိုသည် အယ်လ်နက်ဆာ သို့ပြောင်းရွှေ့ပြီးနောက် ယခုအခါ ဘင်ဇီမာသည် အယ်လ်အီတီဟတ်သို့ရောက်ရှိလာပြီး ကန်တီနှင့် ရာမို့စ်တို့သည်လည်း ဆော်ဒီသို့ ပြောင်းရွှေ့လာကြောင်းသိရပါတယ်။


ဂျူဗင်တပ်စ်အသင်းအမှုဆောင်ချုပ် မိုရီဇီယိုစကာနာဗီနိုက ယခုရာသီတွင် ရလဒ်များဆိုးရွားနေသော်လည်း လာမည့်ရာသီတွင် အယ်လီဂရီကိုသာ ဆက်လက်ဦးဆောင်စေလိုပြီး ၎င်းအပေါ် သံသယများမရှိကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။


အယ်လီဂရီသည် အားလပ်ရက်ခရီးထွက်ရန် စီစဉ်ထားသော်လည်း လာမည့်ရက်အနည်းငယ်အတွင်း ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် လိုအပ်နေပြီဟု ထင်ကြေးပေးမှုများ ရှိနေကြောင်းသိရပါတယ်။

#ဂျူဗင်တပ်စ် #အယ်လီဂရီ #အယ်လ်-ဟီလယ်