ရှေ့သို့
Image

ဘာစီလိုနာအနေနဲ့ မက်ဆီကိုခေါ်ယူဖို့ လုံလောက်တဲ့အားထုတ်မှု မရှိခဲ့ဘူးလို့ အဂူရိုပြောကြား

1:32 PM, 11 June

မန်စီးတီးတိုက်စစ်မှူးဟောင်း အဂူရိုက ဘာစီလိုနာဟာ မက်ဆီကိုပြန်လည်ခေါ်ယူဖို့ သေချာလေးမလုပ်ခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။

မက်ဆီဟာ အသင်းဟောင်းကိုပြန်လာဖို့ ပြင်ဆင်ခဲ့သလို သူ့ရဲ့ဖခင် နဲ့ လာပေါ်တာတို့ကြား စကားပြောခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ မက်ဆီတစ်ယောက် အင်တာမိုင်ယာမီအသင်းထံပြောင်းရွှေ့တော့မှာဖြစ်ပြီး ဘာစီလိုနာကို အမှန်တကယ်ပြန်ချင်ခဲ့ပေမယ့် အခက်အခဲတွေရှိခဲ့တာဖြစ်ပါတယ်။

အဂူရိုကတော့ ဘာစီလိုနာအနေနဲ့ မက်ဆီကိုခေါ်ယူနိုင်ဖို့ အခုထက်ပိုကောင်းအောင် လုပ်ဆောင်ခဲ့သင့်တယ်လို့ ဆိုပါတယ်။

“ဘာစီလိုနာအနေနဲ့ မက်ဆီပြန်လာအောင် မလုပ်နိုင်ခဲ့ပါဘူး။ မှန်ပါတယ်။ အဲ့တာက လာလီဂါနဲ့ဆိုင်သလို စီးပွားရေးအခြေအနေနဲ့လည်း ဆိုင်ပါတယ်။ လီယိုက မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့တာပါ”လို့ အဂူရိုက ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #အဂူရို #မက်ဆီ