ရှေ့သို့
Image

မေဂျာလိဂ်အမှတ်ပေးဇယားပို့ချိန်မှာ မက်ဆီတစ်ယောက် ဟာသလုပ်ခဲ့ကြောင်း အဂူရို ထုတ်ဖော်ပြောကြား

12:13 PM, 10 June

မန်စီးတီးစတားဟောင်း အဂူရိုက မက်ဆီကို မေဂျာလိဂ်အမှတ်ပေးဇယားအနေအထားပို့ချိန်မှာ ဟာသလုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အင်တာမိုင်ယာမီအသင်းအတွက် ၂၀၂၃ က ခက်ခဲခဲ့သလို ဖီးလ်နဗီးလ်ထွက်ခွာမှုနဲ့အတူ ရလဒ်တွေဆိုးဝါးခဲ့တာဖြစ်ပါတယ်။


မက်ဆီကတော့ ပီအက်စ်ဂျီကနေ ထွက်ခွာပြီးနောက် အမေရိကမြေကို ခြေချခဲ့တာဖြစ်ပြီး အင်တာမိုင်ယာမီအသင်းထံပြောင်းတော့မှာဖြစ်ပါတယ်။

အာဂျင်တီးနားသားအနေနဲ့ အင်တာမိုင်ယာမီမှာ အလုပ်တွေအများကြီးလုပ်ရမှာဖြစ်ပြီး ဒီရာသီ ၁၆ ပွဲမှာ ၁၅ မှတ်သာ ရယူနိုင်ခဲ့သလို ၁၁ ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။


အဂူရိုက နိုင်ငံအသင်းဖော်ဟောင်း မက်ဆီကို အင်တာမိုင်ယာမီရဲ့အမှတ်ပေးဇယားရပ်တည်မှုအနေအထားပြပြီး စနောက်ခဲ့တာဖြစ်ပါတယ်။

“မနေ့က ကျွန်တော် မက်ဆီနဲ့စကားပြောဖြစ်ပါတယ်။ သူ့ကို မေဂျာလိဂ်အမှတ်ပေးဇယားရပ်တည်မှု စခရင်ရှော့ခ်ပို့ပေးခဲ့ပါတယ်။ ပြီးတော့ မင်းအသင်းကနောက်မှာ ကျန်ခဲ့ပြီး အဆင့် ၈ ဒါမှမဟုတ် ၉ ကို ပြောင်းသင့်တယ်”လို့ အဂူရိုက ပြောကြားခဲ့ပါတယ်။


အဲ့နောက် မက်ဆီပြန်လည်စနောက်ခဲ့ပြီး “ငါတို့ ခြေစစ်ပွဲကစားရမယ်”လို့ ပြောကြားခဲ့ပါတယ်။ မေဂျာလိဂ်ကွန်းဖရန့်ရဲ့ထိပ်တန်းအသင်း ၇ သင်းဟာ play-offs ကစားရမှာဖြစ်ပြီး အင်တာမိုင်ယာမီက ၁ ပွဲလျော့ ၆ မှတ်အကွာအနေအထားမှာရှိနေပါတယ်။


မက်ဆီဟာ လာမယ့်ဇူလိုင်လ ၂၁ ရက်နေ့ လိဂ်ပွဲစဉ်ဖြစ်တဲ့ Cruz Azul အသင်းနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။


#မန်စီးတီး #အဂူရို #ပီအက်စ်ဂျီ