ရှေ့သို့
Image

ဂွါဒီယိုလာရဲ့ ပြောင်မြောက်လှတဲ့ နည်းဗျူဟာ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အင်တာမီလန်ကို သတိပေးလိုက်တဲ့ ရူဘင်ဒီယက်စ်

1:25 PM, 9 June

ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးရဲ့ ကောင်းမွန်တဲ့ ခံစစ်ကစားပုံကို ဖြတ်ကျော်ဖို့ အင်တာမီလန်က သူတို့ရဲ့အလုပ်ကို လုပ်မှာပါလို့ ရူဘင်ဒီယက်စ်က သုံးသပ်ထားပါတယ်။ လက်ရှိရာသီ ချန်ပီယံလိဂ် ၁၂ ပွဲမှာ ဂွါဒီယိုလာရဲ့ အသင်းဟာ ၅ ဂိုးသာ ပေးထားရပြီး ပြိုင်ပွဲရဲ့ ပေးဂိုးအနည်းဆုံး အသင်းလည်းဖြစ်ပါတယ်။

အသင်းရှိခံစစ်မှုးတွေရဲ့ ကောင်းမွန်မှု ဂျွန်စတုန်းက ကွင်းလယ်သို့ တက်ကစားစေတဲ့ ဂွါဒီယိုလာရဲ့နည်းဗျူဟာအပေါ် မန်စီးတီးခံစစ်မှုး ဒီယက်စ်က ပြောကြားထားပါတယ်။ ဒီလိုပြောင်းလဲလိုက်တာကြောင့် ဘောလုံးပိုင်ဆိုင်မှုရရှိတဲ့အချိန်မှာ မန်စီးတီးက နောက်တန်း ၃ ဦးဖြစ်နေပြီး စတုန်းက ကွင်းလယ်အထိ တက်ကစားခဲ့ကာ ပြိုင်ဘက် ဘောလုံး ရရှိသွားချိန်မှာတော့ နောက်တန်း ၄ ဦး ပုံစံသို့ ပြန်ပြောင်းကစားခဲ့ပါတယ်။

"ဒီပြောင်းလဲမှုတွေကို ကျွန်တော်တို့က လုပ်ခဲ့တာပါ။ ကြီးမားတဲ့ ပြောင်းလဲမှုကတော့ ဂျွန်ပဲဖြစ်ပါတယ်။ ကျွန်တော့်နေရာကဆိုရင် သူက ကွင်းလယ်အထိ တက်သွားခဲ့ပြီး အရင်ကလုပ်ခဲ့တဲ့ ပုံစံနဲ့ လုံးဝကို ကွဲပြားခြားနားသွားတာဖြစ်ပါတယ်" "ဒီနေရာက ဘယ်လောက်အထိ ကောင်းအောင် ကစားနိုင်သလဲဆိုတာကို သူကပြသခဲ့တာပါ။ ဒါဟာ ကျွန်တော်တို့ အသင်းရဲ့ ကြီးမားတဲ့ခြေလှမ်းပါပဲ။ ကွင်းလယ်မှာ ကစားသမား ၁ ဦးပိုခဲ့သလို ၂ စက္ကန့်လောက်အတွင်းမှာ သူက ကျွန်တော့်ရဲ့ဘေးသို့ ရောက်လာခဲ့တာဖြစ်ပါတယ်" လို့ ဒီယက်စ်က ပြောပါတယ်။

ဒီယက်စ်ဟာ နောက်တန်း ၄ ဦး ကစားကွက်နှင့် မတူညီတဲ့အနေအထားတွင် လိမ္မာပါးနပ်စွာ ကစားတက်မှုတို့ကြားမှာ မန်စီးတီးအတွက် ခြေစွမ်းပြနေတာဖြစ်ပါတယ်။ "ကျွန်တော်တို့ အားလုံးက ကောင်းမွန်ပြီး အဓိကရှိတဲ့ပုံစံတွေထဲကတစ်ခုက ဉာဏ်ကောင်းပြီး လိုက်လျောညီထွေဖြစ်စေတာ ဖြစ်ပါတယ်" "ကျွန်တော်တို့ လုပ်ဆောင်တဲ့ ဖြေရှင်းချက်က အလိုရှိတဲ့တိုင်း အတိအကျမဟုတ်ရင်တောင် ကျွန်တော်တို့က အသားကျအောင်လုပ်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ဒါဟာ ကစားသမား ၁ ဦးမှာသာမက အသင်းမှာပါရှိသင့်တဲ့ ပုံစံဖြစ်ပါတယ်" "ဒါကြောင့်ပဲ ကျွန်တော်တို့က ဒီလိုနေရာမှာရှိနေတာဖြစ်ပြီး လက်ရှိရာသီရဲ့ တတိယမြောက် ဆုဖလားကို ရရှိဖို့ အခွင့်အရေးရှိလာတာဖြစ်ပါတယ်" "လူတိုင်းက ဒီလိုဖြစ်ချင်ကြပါတယ်။ ဖိုင်နယ်သို့ ရောက်ဖို့ ကျွန်တော်တို့ အများကြီးကြိုးစားခဲ့ပြီး အခုတော့ ရေတွက်ဖို့သာ လိုတော့တာဖြစ်ပါတယ်" လို့ ဒီယက်စ်က ပြောပါတယ်။

#အင်တာမီလန် #ဂွါဒီယိုလာ #ဒီယက်စ် #ချန်ပီယံလိဂ်