ရှေ့သို့
Image

ယူနိုက်တက်ကို ဝယ်ယူဖို့ နောက်ဆုံးအကြိမ် ကမ်းလှမ်းလိုက်တဲ့ ရှိတ်ဂျာဆင်

10:55 AM, 8 June

ကာတာသူဌေးတစ်ဦးဖြစ်တဲ့ ရှိတ်ဂျာဆင်တစ်ယောက် ယူနိုက်တက်ကို ဝယ်ယူဖို့ နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပါတယ်။ Daily Mail က အဆိုပါကမ်းလှမ်းမှုကို ထုတ်ဖော်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက ဂျာဆင်ရဲ့ ၅ ကြိမ်မြောက် ကမ်းလှမ်းမှုဖြစ်သလို နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုလည်း ဖြစ်ပါတယ်။

သောကြာမှာ ပိတ်သိမ်းမှာဖြစ်တာကြောင့် အခုကမ်းလှမ်းမှုကို ဂလေဇာက လက်မခံခဲ့ရင် နောက်ထပ်ဆွေးနွေးမှုတွေ ရှိလာမှာမဟုတ်တော့တာဖြစ်ပါတယ်။ အမှန်တကယ်မှာလည်း ရှိတ်ဂျာဆင်က ဂလေဇာနဲ့ ရိန်းအုပ်စုထံ တိုက်ရိုက်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို အမေရိကန်သူဌေး ဆာဂျင်ရတ်ကလစ်ဖ်ကလည်း အလိုရှိနေပါတယ်။

ဆာဂျင်ရတ်ကလစ်ဖ်က ယူနိုက်တက်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေပြီး သူ့ရဲ့ကမ်းလှမ်းမှုမှာ ဂလေဇာမိသားစုကို ဆက်လက်ပါဝင်ခွင့်ပေးမှာဖြစ်ပါတယ်။ ကာတာသူဌေးရဲ့ကမ်းလှမ်းမှုက ယူနိုက်တက်အနေနဲ့ လက်ခံမလား ဒါမှမဟုတ် ထွက်ခွာမလားဆိုတဲ့ ၂ ခုထဲက ၁ ခု ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဂလေဇာကတော့ တန်ဟက်လက်အောက်မှာ အပြောင်းအရွှေ့အပြင် ရှိရင်းစွဲကစားသမားတွေကို ဆွဲဆောာင်လာနိုင်သလို အောင်မြင်မှုပါရခဲ့တာကြောင့် အသင်းကို ရောင်းထုတ်ဖို့ တွန့်ဆုတ်နေပါတယ်။ ကာတာရဲ့ကမ်းလှမ်းမှုကို လက်ခံမလားဆိုတာ မသေချာသေးသလို တကယ်လို့ ငြင်းဆန်ခဲ့ရင် ပေါင် ၆ ဘီလီယံအောက်ရောက်ဖွယ်ရှိနေကာ ရတ်ကလစ်ဖ်က ရေပန်းစားလာမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #ရှိတ်ဂျာဆင်