ရှေ့သို့
Image

ယူနိုက်တက်အသင်းမှာ အနာဂတ်မရောမရာဖြစ်နေတဲ့ ဗန်ဒီဘိခ်

2:53 PM, 7 June

နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ယခုနှစ်ဘောလုံးရာသီအတွင်း အတိုင်းအတာ တစ်ခုအထိ ခြေစွမ်းကောင်းပြသကာ ကာရောဘောင်ဖလားအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ပါရယူနိုင်ထားတဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွင် ဒက်ချ် ကွင်းလယ်လူ ဗန်ဒီဘိခ်  အနေဖြင့် ပွဲထွက်ခွင့်နည်းပါးနေခဲ့ပြီး လာမယ့်ဘောလုံးရာသီအတွက် အနာဂတ်မရေရာနေတာပဲ ဖြစ်ပါတယ်။

ကမ္ဘာကျော် အီတလီအားကစားသတင်းထောက် ဖာဖရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ဒက်ချ် လက်ရွေးစင်ကစားသမား ဘဝအတွက် ထိုးနှက်မှုတစ်ခုလို ဖြစ်လာတဲ့ ပွဲထွက်ခွင့် နည်းပါးလာမှုကို ဗန်ဒီဘိခ်အနေဖြင့် ဖြေရှင်းနိုင်ရန် ပွဲကစားခွင့် များစွာရနိုင်တဲ့ ကလပ်အသင်း တစ်သင်းအား ပြောင်းရွှေ့ရန် ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

နယ်သာလန်လိဂ်တွင် အေဂျက်စ်အသင်းနဲ့အတူ ချန်ပီယံဖြစ်ထားခဲ့သလို ဥရောပအဆင့်မြင့်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး အထူးခြေစွမ်းပြနိုင်ခဲ့တာကြောင့် နည်းပြ အိုလီရဲ့ ယူနိုက်တက်အသင်းက ၂၀၂၀ခုနှစ်တွင် ဗန်ဒီဘိခ်ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

အို့ထရက်ဖို့ဒ်ကွင်းကို ပြောင်းရွှေ့လာခဲ့ရာမှာ နည်းပြ အိုလီလက်ထက်မှစတင်ကာ ပွဲထွက်ကစားခွင့် နည်းပါးခဲ့ပြီး ခြေစွမ်းပိုင်းပါ အားနည်းလာတာကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ဗန်ဒီဘိခ်အနေဖြင့် အဲဗာတန်အသင်းကို ရာသီဝက် အငှားသွားရောက်ကစားခဲ့သေးတာလည်း ဖြစ်ပါတယ်။

သရဲနီကစားသမားဘဝတွင် ဒဏ်ရာပြဿနာနဲ့ အမြဲလို ကြုံတွေ့နေရကာ ခြေစွမ်းပြ ကစားနိုင်ရန် ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်အနေဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်းမှာ ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူထားပြီး ရှေ့လာမယ့် ရာသီကြို ခြေစမ်းခရီးစဉ်တွင် နည်းပြ တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းနဲ့အတူ ပူးပေါင်းသွားနိုင်မလာဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗန်ဒီဘိခ် #တန်ဟတ် #ပရီးမီးယားလိဂ်