ဆဲလ်တာစတားကို ပစ်မှတ်ထားလာတဲ့ ချဲလ်ဆီး
10:41 AM, 7 June
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဆဲလ်တာဗီဂိုကွင်းလယ်လူ ဂါဘရီဗီဂါကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့သိရပါတယ်။
ပိုချက်တီနိုဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ စပို့တင်းကွင်းလယ်လူ ယူဂါတီကို ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားက ပီအက်စ်ဂျီကိုသာ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂါးဒီးယန်းသတင်းဌာနကတော့ ပိုချက်တီနိုဟာ ဆဲလ်တာစတား ဗီဂါကို ခေါ်ယူဖို့လုပ်ဆောင်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။
သတင်းတွေအရ ချဲလ်ဆီးဟာ အသက် ၂၁ နှစ်သားကို ခေါ်ယူနိုင်ဖို့ အခြားပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေပါတယ်။ လီဗာပူးဟာ မကြာသေးခင်တုန်းက အလစ္စတာကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဗီဂါကိုလည်း ပစ်မှတ်ထားနေပါတယ်။
ဆဲလ်တာဟာ အခုရာသီလာလီဂါမှာ တန်းဆင်းဇုန်ကနေကပ်ပြီး လွတ်မြောက်ခဲ့ကာ ဗီဂါက ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဗီဂါရဲ့စာချုပ်သက်တမ်းက ၃ နှစ်ကျန်သေးတာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၃၄.၄ သန်းသာ ရှိနေတာဖြစ်ပါတယ်။
ချဲလ်ဆီးက ကန်တီကို ဆော်ဒီကလပ် အယ်လ်အီတီဟက်ထံ ရောင်းချတော့မှာဖြစ်ပြီး ကွင်းလယ်လူသစ်နဲ့ အစားထိုးချင်နေပါတယ်။ ဒါ့အပြင် ကိုဗာဆစ်ကိုလည်း မန်စီးတီးထံ ရောင်းချတော့မှာဖြစ်သလို မေဆင်မောင့်ကိုလည်း ယူနိုက်တက်က ခေါ်ယူချင်နေပါတယ်။