ရှေ့သို့
Image

တစ်နှစ်လုပ်ခ ယူရို သန်း ၁၀၀ဖြင့် ဆော်ဒီလိဂ်သွားရောက်ကစားမယ့် ကန်တီ

9:55 AM, 7 June

ယခုနှစ်ဘောလုံးရာသီအတွင်း နည်းပြ အပြောင်းအလဲများစွာနဲ့အတူ ရလဒ်ပိုင်း အားနည်းနေတဲ့ ချဲလ်ဆီး အသင်းတွင် ကြံ့ခိုင်မှုအခြေအနေကြောင့် ပုံမှန်ပွဲထွက်ကစားခွင့် မရထားတဲ့ ပြင်သစ်ကွင်းလယ်လူ အန်ဂိုလိုကန်တေအနေဖြင့် ကမ္ဘာကျော် တိုက်စစ်မှုးတွေဖြစ်တဲ့ ရွှေဘောလုံးဆုရှင် ရော်နယ်ဒို၊ ဘန်ဇီးမားတို့  သွားရောက်ကစားရာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ကစားသွားဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်အနေဖြင့် ချဲလ်ဆီးအသင်းတွင် ၇ရာသီကြာ ပါဝင်ကစားပေး ခွင့်ရခဲ့အပြီးမှာ ဆော်ဒီပရိုလိဂ်ရဲ့ အင်အားကြီး ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အယ်အီတီဟတ်အသင်းရဲ့ တစ်နှစ်လုပ်ခ ယူရို သန်း ၁၀၀တန် ကမ်းလှမ်းမှုကို လက်ခံကာ အာရှမြေကို ပြောင်းရွှေ့ကစားမှာလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ အတည်ပြု ဖော်ပြချက်အရ ကစားသမားနဲ့ ကလပ်အသင်းတို့အကြားတွင် ဆွေးနွေးမှုတွေလုပ်ဆောင်နေရာမှာ အတော်လေးနီးစပ်မှုတဲ့ အနေအထားမှာ ရောက်လာပြီး အန်ဂိုလိုကန်တေ အနေဖြင့် ၂နှစ်စာချုပ်တွင် လုပ်ခ ယူရိုသန်း ၂၀၀ (ပေါင် ၁၇၂.၁သန်း) အထိရသွားမှာဖြစ်ပြီး ဆော်ဒီကလပ်အကြီးအကဲတွေက လန်ဒန်မြို့မှာ ရောက်နေတာလည်း ဖြစ်ပါတယ်။

ကန်တေ ပြောင်းရွှေ့ကစားမယ့် အယ်အီတီဟတ်အသင်းသည် ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီတွင် ရော်နယ်ဒို ပါဝင်ကစားနေတဲ့ အယ်နာဆာအသင်းနဲ့အပြိုင် ဆုဖလားစိန်ခေါ်ခဲ့ရပြီး ၉ကြိမ်မြောက် ဆော်ဒီလိဂ်ချန်ပီယံအဖြစ် ဆုဖလားရယူထားနိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီအတွက် ပူနွေးနွေး ရွှေဘောလုံးဆုရှင် ကာရင်ဘန်ဇီးမားကိုပါ ခေါ်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ကန်တေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၃ ဇွန်လတွင် စာချုပ်သက်တမ်းကုန်ပြီ ဖြစ်တာကြောင့် ဆော်ဒီပရိုလိဂ် ချန်ပီယံ အယ်အီတီဟတ်အသင်း အနေဖြင့် ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ အန်ဂိုလိုကန်တေကို ခေါ်ယူခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

#ကန်တီ #ဆော်ဒီ