ရှေ့သို့
Image

အိုနာနာကို ခေါ်ယူဖို့ ငွေသားအပြင် မန်ဒီကိုပါ အလိုက်ပေးကမ်းလှမ်းမယ့် ပိုချက်တီနို

2:14 PM, 5 June

ပိုချက်တီနိုကတော့ အိုနာနာကိုခေါ်ယူချင်နေပြီး ငွေသားအပြင် မန်ဒီကိုပါထည့်သွင်းပြီး အင်တာမီလန်ထံသို့ ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြသစ်ဟာ အိုနာနာကို သဘောကျသူဖြစ်တယ်လို့ Foot Mercato က ဖော်ပြထားပြီး သူ့ရဲ့ကြိုးစားမှုကြောင့်လည်း အီတလီကလပ်က ချန်ပီယံလိဂ်ဖိုင်နယ်သို့ ရောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တွင် ကော်တွိုက်စ် ထွက်ခွာသွားကတည်းက ချဲလ်ဆီးအတွက် ဂိုးသမားနေရာမှာ ပြဿနာရှိခဲ့တာဖြစ်ကာ ကလပ်ဟာ ကီပါကိုခေါ်ယူဖို့အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး သုံးခဲ့ရတာဖြစ်ပါတယ်။

စပိန်နိုင်ငံသားရဲ့လက်စွမ်းက မတည်ငြိမ်ခဲ့တာကြောင့် ၂ နှစ်အကြာမှာ သူ့ရဲ့နေရာကို အစားထိုးဖို့အတွက် မန်ဒီကိုခေါ်ယူခဲ့ပြီး ဆီနီဂေါနိုင်ငံသားကလည်း အစပိုင်းမှာ အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ အရွယ် နိုင်ငံသားဟာ ၂၀၂၁ ခုနှစ် ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ဆုဖလား ရရှိခဲ့မှုတွင် အဓိကကျခဲ့ပြီး ဆီနီဂေါနှင့်အတူ AFCON ဖလားရရှိခဲ့ပြီး အဆိုပါရာသီအတွက် ဖီဖာရဲ့အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့ပါတယ်။

ပထမဆုံးရာသီတွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သော်လည်း ပြီးခဲ့တဲ့ရာသီတွေမှာတော့ လက်စွမ်းကျဆင်းခဲ့ပြီး ဒဏ်ရာတွေကြောင့် ပွဲထွက်ခွင့်က အကန့်အသတ်နှင့်ဖြစ်ခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီမှာတော့ မန်ဒီဟာ ပြိုင်ပွဲစုံမှာ ၁၂ ပွဲသာ ကစားခဲ့ရပြီး ၁၇ ဂိုးထိပေးခဲ့ရကာ clean sheet ၁ ကြိမ်သာရခဲ့ပြီး ကမ္ဘာ့ဖလားပြီးနောက်မှာ ၁ ပွဲသာ ကစားခဲ့ရပါတယ်။

သူဟာ ကမ်းလှမ်းမှုတော်တော်များများကို ပယ်ချခဲ့ပြီး ၂၀၂၅ ခုနှစ် အထိ သက်တမ်းတိုးခဲ့ကာ ဒီနွေရာသီမှာတော့ ချဲလ်ဆီးကနေထွက်ခွာဖို့ မျှော်လင့်ရပါတယ်။ နောက်ပိုင်းမှာ မန်ဒီက ရုန်းကန်နေရတာကြောင့် အင်တာမီလန်အနေနဲ့ အိုနာနာရဲ့နေရာကို အစားထိုးဖို့ အဆင်ပြေပါ့မလားဆိုတာ မသေချာပါဘူး၊ အပြောင်းအရွှေ့ဖြစ်ဖို့အတွက်ဆိုရင် ငွေကြေးအလိုက်ပေးရမှာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက စီးရီးအေကလပ်သို့ အေဂျက်စ်ကနေ အလွတ်ဖြင့် ပြောင်းလာခဲ့သူဖြစ်ပြီး ၂၀၂၇ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ကင်မရွန်းနိုင်ငံသားရဲ့ ဆန်စီရိုရှိ ပထမဆုံးရာသီက ကောင်းမွန်ခဲ့ပြီး လက်ရှိအချိန်အထိ ပွဲ ၄၀ ကစား clean sheet ၁၉ ပွဲရရှိထားကာ ၃၅ ဂိုး ပေးထားရတာဖြစ်ပြီး ကိုပါအီတာလီယာနှင့် စူပါကိုပါအီတာလီယာ တို့ကိုရရှိထားပါတယ်။

ဒါ့အပြင် အင်တာမီလန်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိနေပြီး မန်စီးတီးရဲ့ ဆုဖလား ၃ လုံး ရရှိဖို့အတွက် ရပ်တန့်ရမှာဖြစ်ကာ ဂွါဒီယိုလာရဲ့အသင်းကတော့ စနေနေ့တုန်းက ယူနိုက်တက်ကို အနိုင်ရရှိကာ အက်ဖ်အေဖလားကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

#ချဲလ်ဆီး #အင်တာမီလန် #အပြောင်းအရွှေ့ #မန်ဒီ #ပိုချက်တီနို