ရှေ့သို့
Image

ပေါ်တိုဂိုးသမား ဒီရေဂိုကော်စတာကိုခေါ်ယူဖို့ ဦးဆောင်နေတဲ့ ယူနိုက်တက်

1:54 PM, 5 June

အက်ဖ်အေဖလားဖိုင်နယ်တွင် ဒီဂီယာက အမှားများကျူးလွန်ခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်ဟာ ပေါ်တိုဂိုးသမား ဒီရေဂိုကော်စတာကို ခေါ်ယူဖို့ ဦးဆောင်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီဂီယာနှင့် ပြိုင်ဆိုင်ဖို့အတွက် ကော်စတာကိုခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ စပိန်နိုင်ငံသားဟာ အက်ဖ်အေဖလား ဖိုင်နယ်မှာ ကြီးမားတဲ့အမှားကိုကျူးလွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့လက်နှင့်ထိခဲ့သော်လည်း ဂန်ဒိုဂန်ရဲ့ ဒုတိယမြောက် မြေမကျဘောကို မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီ ဘရန့်ဖို့ဒ် ဝက်စ်ဟမ်း ဆီဗီလာ မန်စီးတီးတို့နဲ့ ပွဲတွေဟာ ဒီဂီယာဟာ ကြီးမားတဲ့အမှားတွေကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ပေါ်တိုရဲ့ ပထမဦးစားပေး ဂိုးသမားအဖြစ်တိုးတက်လာခဲ့တဲ့ ကော်စတာကို နယူးကာဆယ်နှင့် ချဲလ်ဆီးတို့ကလည်း စောင့်ကြည့်နေကြပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိုးသမားအတွက် ပေါ်တူဂီလက်ရွေးစင်အသင်း အတွက် ၁၁ ပွဲအထိ ပွဲထွက် ကစားပေးထာ့းပြီး ကလပ်အတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီဂီယာကို စာချုပ်သစ်အတွက် ကမ်းလှမ်းထားသော်လည်း လက်မှတ်ရေးထိုးခြင်းမပြုလုပ်ရသေးတာ ဖြစ်ပါတယ်။ အထူးဖြင့် ယူနိုက်တက်အနေနဲ့ ကော်စတာကို ခေါ်ယူနိုင်ခဲ့ပါက လာမယ့်ရာသီ ဦးစားပေး ဂိုးသမားနေရာအတွက် မေးခွန်းထုတ်စရာဖြစ်လာမှာပါ။

လက်ရှိရာသီမှာ ကာရာဘောင်ဖလားကို ရရှိခဲ့ပြီး အမှတ်ပေးဇယားတွင်လည်း အဆင့် ၃ ဖြင့် ရပ်တည်ခဲ့ကာ ချန်ပီယံလိဂ်မှာ ပြန်လည် ကစားရမှာဖြစ်တာကြောင့် ကစားသမားအင်အားဖြည့်တင်းဖွယ်ရှိနေတာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #အပြောင်းအရွှေ့ #ပေါ်တို #ကော်စတာ