ရှေ့သို့
Image

အက်ဖ်အေဖလားဖိုင်နယ်အပြီး ယူနိုက်တက်စတား ၃ ဦးကို ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

12:00 PM, 4 June

အက်ဖ်အေဖလားဖိုင်နယ်ပွဲက ဂန်ဒိုဂန်ရဲ့စံချိန်တင် သွင်းဂိုးက အရမ်းကိုကောင်းမွန်ပြီး ပြိုင်ဘက်အသင်းရဲ့ အစောပိုင်းသွင်းဂိုးကို ယူနိုက်တက်စတားတွေ အနေနဲ့ ပိုပြီးတားဆီးခဲ့သင့်တယ်လို့ ရွိုင်ကိန်းက ပြောကြားလိုက်ပါတယ်။


မန်စီးတီးအသင်းခေါင်းဆောင် ဂန်ဒိုဂန်ဟာ ပွဲကစားချိန် ၁၃ စက္ကန်မှာ မြေမကျဘောကန်သွင်းကာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပြီး အက်ဖ်အေဖလား သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးလည်းဖြစ်ခဲ့ပါတယ်။ သူဟာ ဂိုးသမား အော်တီဂါရဲ့ ပြန်လည်ပေးပို့မှုကနေ တစ်ဆင့် ဂိုးသွင်းယူခဲ့တာဖြ်စပါတယ်။


မန်စီးတီး အရန်ဂိုးသမားရဲ့ ကန်တင်ပေးပို့မှုကို ဟာလန်းဆီရောက်ခဲ့သော်လည်း ဘောလုံးက ဂန်ဒိုဂန်ဆီသို့ ချော်ထွက်သွားခဲ့ကာ ဂျာမန်သားက ဂိုးပေါက်သို့ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။


ဒီဂိုးကြောင့် မန်စီးတီးရဲ့ အက်ဖ်အေဖလားဖိုင်နယ်က စတင်ခဲ့ရပြီး မကြာသေးခင်က ပရီးမီးယားလိဂ်ဖလား ရရှိထားသလို လာမယ့်ရက်သတ္တပတ်မှာလည်း ချန်ပီယံလိဂ်ဖိုင်နယ်ကို ကစားရအုံးမှာဖြစ်ပါတယ်။


ဂန်ဒိုဂန်ရဲ့ သွင်းဂိုးကို ချီးကျူခဲ့သော်လည်း ယူနိုက်တက်စတား ၃ ဦးဖြစ်တဲ့ ကက်စ်မဲရိုး၊ ဖရက်ဒ်နှင့် အဲရစ်ဆင်တို့ကို အဆိုပါဂိုးနှင့်ပတ်သက်ပြီး ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တဲ့အတွက် ရွိုင်ကိန်းက ဝေဖန်လိုက်ပါတယ်။


"ဒါက အရမ်းကောင်းတဲ့ဂိုးပါ။ ခံစစ်ပိုင်းအရဆိုရင် ယူနိုက်တက်ဘက်မှာ ပွင့်သွားခဲ့တာပါ။ ကွင်းလယ်ကစားသမား ၃ ဦးဖြစ်တဲ့ ကက်စ်မဲရိုး၊ ဖရက်ဒ်နှင့် အဲရစ်ဆင် တို့အားလုံး နေရာအမှန်မှာရှိမနေဘဲ ၁၀ စက္ကန် ၁၂ စက္ကန် အတွင်းမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ခဲ့ကြတာဖြစ်ပါတယ်"


"အတွေ့အကြုံရင့် ကစားသမားတွေအတွက် လုံလောက်မှုမရှိခဲ့ပါဘူး။ သူတို့တွေရဲ့ ခံစစ်လိုင်းက ပွင့်နေပြီး ယူနိုက်တက်အတွက် ဆိုးရွားခဲ့ပါတယ်" လို့ ရွိုင်ကိန်းက ပြောပါတယ်။


မန်စီးတီရဲ့ ၃ ဦးတန်း တိုက်စစ်ကို ယူနိုက်တက်ဟာ တားဆီဖို့ မကြိုးစားနိုင်ခဲ့တာကြောင့် ဝင်ဘာလေတွင် EFL ဖလားရရှိခဲ့ပြီးနောက် ယခု အက်ဖ်အေဖလားကိုတော့ မရရှိခဲ့တာပါ။


ဂရီးလစ်ရဲ့ လက်ထိမှုကြောင့် ရရှိလာခဲ့တဲ့ အငြင်းပွားဖွယ်ရာ ပင်နယ်တီကို အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က သွင်းယူခဲ့တာကြောင့် တန်ဟက်ရဲ့ ယူနိုက်တက်အနေနဲ့ ချေပဂိုး ရရှိခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရွိုင်ကိန်း #အက်ဖ်အေဖလား #တန်ဟတ်