ရှေ့သို့
Image

မန်စီးတီးနဲ့ ဗိုလ်လုပွဲမှာ ဖရက်ကို ထည့်သုံးဖို့ ယူနိုက်တက်အား တိုက်တွန်းလိုက်တဲ့ ဂယ်ရီနဗီးလ်

10:16 AM, 3 June

ဂယ်ရီနဗီးလ်က ယူနိုက်တက်နည်းပြတန်ဟတ် အနေနဲ့ ကွင်းလယ်လူ ဖရက်ကို ပွဲထွက်ခွင့်ပေးသင့်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ယနေ့ည ဝင်ဘာလေကွင်းမှာ မန်စီးတီးနဲ့ အက်ဖ်အေဖလားလုရမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဖလား ရရှိထားပြီး ယူနိုက်တက်က ကာရာဘောင်ဖလား ရရှိထားတာကြောင့် ယနေ့ညပွဲမှာ ဘယ်အသင်းပဲနိုင်နိုင် တစ်ရာသီအတွင်း ဖလားနှစ်လုံးဆွတ်ခူးနိုင်ဖို့ ရှိနေပါတယ်။ နဗီးလ်ကတော့ ဒီလိုအရေးပါတဲ့ပွဲစဉ်မှာ ဘောလုံးလုနိုင်တဲ့ ကွင်းလယ်လူတစ်ဦးထည့်သုံးဖို့ တန်ဟတ်ကို တိုက်တွန်းခဲ့ပါတယ်။

နဗီးလ်က "ကျွန်တော်ကတော့ ယူနိုက်တက်ကွင်းလယ်မှာ ကတ်စ်မဲရိုး၊ ဖာနန်ဒက်စ်နဲ့ အဲရစ်ဆင်တို့သုံးတာကို မမြင်ချင်ပါဘူး။ သူတို့ မန်စီးတီးကို နိုင်တဲ့ပွဲကို ကြည့်လိုက်ရင် ကွင်းလယ်က ကတ်စ်မဲရိုးနဲ့ ဖရက်ပါ" "ကျွန်တော်ကတော့ မန်စီးတီးရဲ့ဘောလုံးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့က ဒီပွဲမှာ အဓိကျလာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အိုးထရက်ဖို့ဒ်မှာ နိုင်တုန်းကလည်း ကွင်းလယ်အထိုင်မှာ ဖရက်နဲ့ ကတ်စ်မဲရိုးကိုထားပြီး အဲရစ်ဆင်က တိုက်စစ်လိုက်တဲ့ပုံစံ ကစားခဲ့ပါတယ်" "အဲ့ဒီနောက် ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ ဖာနန်ဒက်စ်တို့ကို တိုက်စစ်မှာ ထားကစားခဲ့ပါတယ်။ ဒီကစားကွက်က ဘာကြောင့်အလုပ်ဖြစ်လဲဆိုရင် မန်စီးတီးက ရှေ့တက်ကစားမယ့် ဘယ်နောက်ခံလူ မရှိတာကြောင့် ဘရူနိုက အဲ့ဒီမှာ ပွဲတော်တည်နိုင်ပြီး ကွင်းလယ်မှာ လေးယောက်လောက်ထိ ရှိလာနိုင်ပါတယ်"

"ကျွန်တော်ကတော့ အဲ့ဒီလိုလုပ်ချင်ပါတယ်။ တွန်မီနေးလည်း ကတ်စ်မဲရိုးနဲ့တွဲလိုက်ရင် ဒီလိုကစားကွက်သုံးလို့ရပါတယ်။ ကွင်းလယ်မှာ ပွင့်နေတာကြီးက ပြဿနာတစ်ရပ်ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ အဲရစ်ဆင်နဲ့ ဘရူနိုက တိုက်စစ်လိုက်နေရင် ခံစစ်အတွက်က ကတ်စ်မဲရိုးတစ်ယောက်ပဲ ရှိပါတယ်။" "ဘရူနိုနဲ့ အဲရစ်ဆင်က အဆင်ပြေပေမယ့် သူတို့က ဘောလုံးကိုင်ထားမှ ပိုကောင်းတာပါ။ ခံစစ်ကူမယ့် ကစားသမားမရှိခြင်းက ၆ဂိုးလောက်ပြတ်သွားမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ တိုမီနေး၊ အဲရစ်ဆင်၊ ဖာနန်ဒက်စ် တွဲကန်တုန်းကလည်း သူတို့ ဂိုးပြတ်ရှုံးခဲ့တာပဲလေ"လို့ ဆိုခဲ့ပါတယ်။

#မန်စီးတီး #ဂယ်ရီနဗီးလ် #ဖရက်ဒ် #အက်ဖ်အေဖလား