ရှေ့သို့
Image

လက်ရှိရာသီမှာ တစ်ပွဲနိုင်တိုင်း ပေါင်သန်း ၅၀နီးပါး အသုံးပြုနေရတဲ့ ချဲလ်ဆီး

9:31 AM, 3 June

လက်ရှိရာသီ ပရီးမီးယားလိဂ် တစ်ပွဲ အနိုင်ရရှိတိုင်းမှာ ချဲလ်ဆီးဟာ အံ့အားသင့်ဖွယ် ပေါင် ၄၈.၄ သန်း အသုံးပြုနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကို တော့ဘိုလီ ကိုင်တွယ်လိုက်ကတည်းက ချဲလ်ဆီးဟာ လိုအပ်တဲ့ ကစားသမားတွေကို ငွေကြေးမြောက်များစွာသုံးပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။

အမေရိကန် သူဌေးရဲ့လက်ထပ်မှာ ကစားသမား ၁၇ ဦးအထိရောက်လာခဲ့ပြီး စုစုပေါင်း ပေါင် ၅၃၂ သန်းအထိ ကုန်ကျခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီမှာလည်း ဘိုလီဟာ ငွေကြေးမျာစွာ အသုံးပြုခဲ့ပြီး စံချိန်တင်အပြောင်းအရွှေ့များပြုလုပ်ခဲ့ကာ အခြားကလပ်တွေထက် အသုံးပြုမှု ပိုများခဲ့တာဖြစ်ပါတယ်။

ကစားသမားခေါ်ယူရေးမှာ ဟန်ချက်ညီညီလုပ်ဆောင်ခဲ့ပုံမရဘဲ ဂျာအိုဖီးလစ်၊ မာဒူကီ၊ မူဒရစ်တို့ကို ခေါ်ယူခဲ့ပြီး အရန်ခုံမှာသာ အချိန်ကုန်စေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ၃ ယောက်နည်းပြအဖြစ် လမ်းပတ်ရောက်ရှိလာချိန်မှာတော့ အသင်းက ပိုမိုဆိုးရွားခဲ့ပြီး လိဂ်ပွဲ ၁၁ ပွဲသာအနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ မှသာ ရပ်တည်နိုင်ခဲ့ပါတယ်။

Wagering Advisors ရဲ့ ဖော်ပြချက်အရ ကလပ်ဟာ နိုင်ပွဲ ၁ ပွဲရရှိတိုင်း ပေါင် ၄၈ သန်းနီးပါ အသုံးပြုနေရတာဖြစ်ပါတယ်။ ဒါဟာ တန်းဆင်းသွားရတဲ့ ဒုတိယမြောက်အဆုံးရွားဆုံးအသင်းဖြစ်တဲ့ ဆောက်သမ်တန်ရဲ့ ၂ ဆ ထက် ပိုများနေတာဖြစ်ပါတယ်။ အမှတ်ပေးဇယားရဲ့ အောက်ခြေမှာရှိခဲ့တဲ့ ဆောက်သမ်တန်ဟာ နိုင်ပွဲ ၆ ပွဲသာရရှိခဲ့ပါတယ်။ ဒါဟာ အသင်းပေါ် ရင်းနှီးမြှပ်နှံမှုနည်းပါးတယ်လို့ စောဒကတက်လို့မရပါဘူး၊ သူတို့အသင်းဟာ ကစားသမားခေါ်ယူမှု အတွက် ပေါင် ၁၂၅ သန်း အသုံးပြုခဲ့ပြီး နိုင်ပွဲ ၁ ပွဲအတွက် ပေါင် ၂၁ သန်း အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကတော့ တတိယနေရာမှာရှိနေပြီး ၉ပွဲအနိုင်ရရှိခဲ့ခြင်းမှာ ၁ ပွဲအတွက် ပေါင် ၁၈ သန်း သုံးခဲ့ရပါတယ်။ ဖောရက်စ်ဟာ ပရီးမီးယားလိဂ်သို့ ပြန်ရောက်ချိန်မှာ ကစားသမား အယောက် ၃၀ ကို ပေါင် သန်း ၁၇၀ အသုံးပြုပြီးခေါ်ယူခဲ့ပါတယ်။ ငွေကြေးများများအသုံးပြုပြီးခေါ်ယူခဲ့တဲ့ အခြားသောလပ်တွေလည်း ရှိပါသေးတယ်။ ပေါင် ၁၆၈ သန်း အသုံးပြုခဲ့တဲ့ အာဆင်နယ်ဟာ ငွေကြေးကို ကောင်းကောင်းအသုံးပြုခဲ့ကြောင်း ပြသနေပြီးနိုင်ပွဲ ၂၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲအတွက် ပေါင် ၆.၅ သန်းသာ အသုံးပြုခဲ့ရပြီး အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးကတော့ နိုင်ပွဲ ၁ ပွဲအတွက် ပေါင် ၄.၇ သန်း အသုံးပြုထားရပြီး ငွေကြေးသုံးစွဲမှု စာရင်းရဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။ ဘရိုက်တန်နှင့် ဘရန်ဖို့ဒ်တို့အတွက် ကောင်းမွန်တဲ့ ရာသီတစ်ခုဖြစ်ပြီး ပေါင်သန်း ၅၀ စီသာ အသုံးပြုခဲ့တဲ့ သူတို့ ၂ သင်းဟာ နိုင်ပွဲ ၁၈ ပွဲနှင့် ၁၅ ပွဲ အသီးသီးရရှိခဲ့ပါတယ်။

ဘရိုက်တန်အနေနဲ့ ဈေးကြီးပေးပြီး ဝယ်ယူစရာမလိုဘဲ ကစားသမားခေါ်ယူခြင်းတွေကနေ အမြတ်ရရှိကြောင်း ပြသခဲ့ပြီး နိုင်ပွဲ ၁ ပွဲအတါက် ပေါင် ၂.၇ သန်း သာအသုံးပြုခဲ့ရပါတယ်။ ချဲလ်ဆီးထက် ငွေကြေးသုံးစွဲမှု ၁၀ ဆ နည်းပါးနေတဲ့ ဇီဇာဘီရဲ့ အသင်းဟာ လာမယ့်ရာသီတွင် ဥရောပမှာ ကစားရမှာဖြစ်‌ပါတယ်။

#ချဲလ်ဆီး #တော့ဘိုလီ #ပရီးမီးယားလိဂ်