ရှေ့သို့
Image

မန်စီးတီးနှင့် ကစားမယ့် အက်ဖ်အေဖလားဖိုင်နယ်ကို တက်ရောက်ဖို့ရှိနေတဲ့ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် အေဗရမ် ဂလေဇာ

9:29 AM, 3 June

အေဗရမ်ဂလေဇာက စနေ့မှာ ကစားမယ့် ယူနိုက်တက်ရဲ့ အက်ဖ်အေဖလားဖိုင်နယ်သို့ တက်ရောက်ကြည့်မှုဖြစ်ပြီး သူ့ရဲ့တက်ရောက်မှုကြောင့် ယူနိုက်တက်အနေနဲ့ ပေါင် ၂၅၀၀၀၀ လောက် ကုန်ကျဖို့ရှိနေပါတယ်။ ယခုရာသီမှာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်ရဲ့ ဝင်ဘာလေကွင်းသို့ တတိယအကြိမ်မြောက် လာရောက်ကြည့်ရှုခြင်းဖြစ်ပြီး စနေနေ့မှာ ယူနိုက်တက်က မန်စီးတီးနှင့် အက်ဖ်အေဖလားဖိုင်နယ်ပွဲကို ကစားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ကြိမ်ကို သီးသန်ဂျက်လေယာဉ်ဖြင့် လာရောက်ခဲ့တာကြောင့် ကလပ်အတွက် ပေါင် ၂၅၀၀၀၀ စီ ကုန်ကျခဲ့ပြီး အက်ဖ်အေဖလားဖိုင်နယ်ကိုလည်း အလားတူနည်းအတိုင်းလာရောက်ကြည့်ရှုမှာဖြစ်ပါတယ်လို့ The Athletic က ဖော်ပြထားပါတယ်။

သူဟာ ဖေဖော်ဝါရီလတုန်းက ယူနိုက်တက်ရဲ့ ကာရာဘောင်ဖလား ရရှိခဲ့တဲ့ပွဲကို တက်ရောက်ကြည့်ရှုခဲ့ပြီး အဆိုပါဖလားက တန်ဟက်ရဲ့ ယူနိုက်တက်နှင့်အတူ ပထမဆုံးရရှိခဲ့တဲ့ ဖလားလည်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီး အက်ဖ်အေဖလားဖိုင်နယ်ဖြစ် မေလတုန်းက ချဲလ်ဆီးအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲကိုလည်း တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

စာရင်းတွေအရ ဖေဖော်ဝါရီလတုန်းက သူ့ရဲ့ ခရီးစရိတ်ဟာ ပေါင် ၂၅၀၀၀၀ ရှိခဲ့ပြီး ဖလော်ရီဒါကနေ ဇိမ်ခံလေယာဉ်ဖြစ် လာရောက်ခဲ့တဲ့အပေါ် ကလပ်က အကုန်ကျခံခဲ့ရတာဖြစ်ပါတယ်။ ကလပ်အနေနဲ့ လုံခြုံရေးနဲ့ နေထိုင်ဖို့အတွက် အပိုဆောင်း အကုန်ခံခဲ့ရပါသေးတယ်လို့ The Athletic က ဖော်ပြထားပါတယ်။ မေလတုန်းက အမျိုးသမီးအက်ဖ်အေဖလားဖိုင်နယ်သို့ လာရောက်ခဲ့တဲ့အတွက် အထက်ပါ ကုန်ကျစရိတ်များအတိုင်း ကလပ်က ကျခံပေးခဲ့ရတာဖြစ်ပါတယ်။

၂၀၀၅ ခုနှင်တွင် ကလပ်ကို ဝယ်ယူခဲ့ပြီးနောက် အမျိုးသမီးအသင်းကို ဖျက်သိမ်းဖို့အတွက် စဉ်းစားခဲ့သေးတာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်တွင် အသင်းသစ်ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက် အမျိုးသားအသင်းထက် ကုန်ကျစရိတ် နည်းခဲ့သော်လည်း စကင်နာရဲ့အသင်းဟာ လက်ရှိရာသီ WSL တွင် ဒုတိယနေရာဖြင့် ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေရဲ့ သိသိသာသာ နာကြည်းမှုများရှိလာခဲ့တဲ့အတွက် ဂလေဇာမိသားစုဟာ အိုးထရက်ဖို့ဒ်က ပွဲစဉ်တွေနဲ့ ဝေးကွာနေခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံး လာရောက်ကြည့်ရှုမှုက ၂၀၂၁ခုနှစ် စက်တင်ဘာလတုန်းက နယူးကာဆယ်နှင့်ပွဲမှာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ကလပ်အတွက် ဒုတိယမြောက် ပွဲဦးထွက်တဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။

ဂလေဇာရဲ့ မိသားစုဟာ အိုးထရက်ဖို့ဒ်ကို ၁၈ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် အစုရှယ်ယာတွေကို ရောင်းချဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ သူတို့ရောင်းချပါက ဝယ်ယူဖို့ ဦးဆောင်နေတဲ့သူတွေက ဆာဂျင်ရိုက်ကလစ်နှင့် ရှိတ်ခ်ဂျက်ဆင်ဘင်ဟာမက်အယ်သာနီတို့ပဲဖြစ်ပါတယ်။

ဂလေဇာမိသားစုရဲ့ အသင်းအပေါ် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ဒီတစ်ပတ်အစာပိုင်းတုန်းက နဗီးလ်က "ပရော်ဖက်ရှင်နယ် မဆန်ဘူး" လို့ ပြောကြားခဲ့ပါတယ်။ သတင်းတွေအရ ရိုက်ကလစ်ရဲ့ ပေါင် ၅ ဘီလီယံဖြင့် ကမ်းလှမ်းမှုက ဦးစားပေးရွေးချယ်မှုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး အမေရိကန် ပိုင်ရှင်တွေကတော့ ကလပ်ရဲ့ရှယ်ယာအနည်းငယ်ကို ပိုင်ဆိုင်လိုနေသေးသော်လည်း စီးပွားရေးအရ စာချုပအတွက် Brit က မီးစိမ်းပြသထားခြင်းမရှိနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ ရာသီအတွက် အသင်းပိုင်ရှင်တွေကို သဘောမကျကြောင်း ပရိသတ်တွေက ပြောဆိုထားပြီး နယူးကာဆယ်နှင့် ကစားခဲ့တဲ့ ကာရာဘောင်ဖလားဖိုင်နယ်အပြီးမှာ အမေရိကန်ပိုင်ရှင်တွေက လှောင်ပြောင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။ လိဂ်ဖလားရရှိခြင်းက ၂၀၁၇ခုနှစ်နောက်ပိုင်းကလပ်ရဲ့ ပထမဆုံး ဆုဖလားဖြစ်ခဲ့ပြီး စနေနေ့ကတော့ မန်စီးတီးရဲ့ ဆုဖလား ၃ လုံး မျှော်လင့်ချက်ကို တားဆီးရမှာဖြစ်ပါတယ်။

#မန်စီးတီး #အက်ဖ်အေဖလား #အေဗရမ်ဂလေဇာ