ရှေ့သို့
Image

ဆဲလ်တစ်နည်းပြဟောင်း ပိုစတီကိုဂလူကို နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနေတဲ့ တော့တင်ဟမ်

9:57 AM, 2 June

တော့တင်ဟမ်အသင်းဟာ နည်းပြသစ်အဖြစ် ပိုစတီကိုဂလူကို လာမယ့်အပတ်မှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆဲလ်တစ်ကတော့ သူတို့နည်းပြကို ဆုံးရှုံးရမှာဖြစ်တာကြောင့် နည်းပြသစ်ရှာဖွေထားပြီးဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ အသက် ၅၇ နှစ်သားကို လေးစားတာကြောင့် တိတ်တဆိတ်ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။

စကော့တလန်ဖလားဖိုင်နယ်ရှိနေတာကြောင့် တော့တင်ဟမ်က သိပ်မကြာခင်မှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဆဲလ်တစ်ကတော့ အမှတ်ပေးချန်ပီယံ ၊ လိဂ်ဖလားနဲ့ နောက်ထပ်ဖလားတစ်လုံး အပါအဝင် ဆုဖလား ၃ လုံးရယူပေးနိုင်မယ့် နည်းပြကို ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။

ပိုစတီကိုဂလူဟာ ဆဲလ်တစ်အသင်းနဲ့စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တာဖြစ်တာကြောင့် စာချုပ်ဖျက်သိမ်းကြေးပေးချေဖို့ မလိုအပ်တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ကွန်တီကိုထုတ်ပယ်ပြီးနောက် နည်းပြသစ်ရှာဖွေနေတာဖြစ်ပြီး နာဂယ်စမန်းအပြင်  ဒီဇာဘီ နဲ့ ပိုချုက်တီနိုကိုပါ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အသက် ၅၇ နှစ်သားဟာ လာမယ့်လထဲမှာ တော့တင်ဟမ်အမှုဆောင်အသစ် စကော့တ်မန်းနဲ့ အလုပ်အတူတူ တွဲလုပ်မှာဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ယခင်တုန်းက စီးတီးဘောလုံးအုပ်စုမှာ အတူတူလုပ်ခဲ့ဖူးတာဖြစ်ပါတယ်။ နည်းပြသစ်ရောက်လာမှုနဲ့အတူ တော့တင်ဟမ်က ကိန်းကို အသင်းမှာ ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်သားဟာ အခုနွေရာသီမှာ ယူနိုက်တက်ကိုပြောင်းမယ်လို့ သတင်းကြီးနေပြီး မန်ချက်စတာကလပ်ကလည်း တိုက်စစ်မှူးသစ်ရှာဖွေနေတာဖြစ်ပါတယ်။

#တော့တင်ဟမ် #ဆဲလ်တစ် #ပရီးမီးယားလိဂ် #ပိုစတီကိုဂလူ