ရှေ့သို့
Image

ယူနိုက်တက်အသင်းမှာ ၂၀၂၈ခုနှစ်အထိ ဆက်ကစားရန် စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီဖြစ်တဲ့ ဒါလော့

2:29 PM, 1 June

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းအချို့ ပြန်လည်ပြသကာ အမှတ်ပေးဇယား အဆင့် ၃နေရာတွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရန်စွမ်းဆောင် လာနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက တိုက်စစ်ပိုင်းအတွက် ပြင်ဆင်နေပြီး ပေါ်တူဂီလက်ရွေးစင် ညာနောက်တန်းအစွန် ကစားသမား ဒီယေဂိုဒါးလော့ကို စာချုပ်သက်တမ်း ၅နှစ် ထပ်မံတိုးမြှင့်လိုက်ပြီပဲ ဖြစ်ပါတယ်။

ဗြိတိန် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ The Telegraph ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်း အနေဖြင့် ရှေ့လာမယ့် ဘောလုံးရာသီအတွက် အဓိက ပြင်ဆင်မှုလုပ်ဆောင်ရန် ကြိုးစားတဲ့ နေရာမှာ ပစ်မှတ်ကစားသမား ဖြစ်လာတဲ့ ချဲလ်ဆီး စတားအတွက် ချဉ်းကပ်မှု ပြုလုပ်ရာမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုနှစ် ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံစိန်ခေါ်သူ ဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းအပြင် လီဗာပူးအသင်းကပါ ချဲလ်ဆီး ကွင်းလယ်တိုက်စစ်ကစားသမားအတွက် ခေါ်ယူရန် စိတ်ဝင်စားမှု ပြသနေကြချိန်မှာ ယူနိုက်တက်အသင်းက နှာတစ်ဖျား အသာရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက နည်းပြ မော်ရင်ဟိုလက်ထက် ၂၀၁၈ခုနှစ်တွင် ဒါလော့ကို ပေါ်တိုအသင်းကနေ ခေါ်ယူထားခဲ့တာဖြစ်ပြီး ကစားသမားအနေဖြင့် အို့ထရက်ဖို့ဒ်အခြေစိုက် ကလပ်နဲ့အတူ ၁၀၇ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့ပြီး ဆုဖလားအောင်မြင်မှုအချို့လည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းကြီးတွင် ၁၁ပွဲကြာ ပွဲထွက်ကစားပေးခွင့်ရထားခဲ့တဲ့ ဒါလော့အနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင် နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပြိုင်ပွဲစုံ ၄၂ပွဲအထိ ပွဲထွက်ကစားပေးခွင့်ရခဲ့သလို ပြည်တွင်း ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကာရာဘောင်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့ #ပရီးမီးယားလိဂ်