ရှေ့သို့
Image

ကူလီဘာလေကို ပေါင် ၃၃ သန်း ဖြင့် ရောင်းချဖို့ ရုန်းကန်ရမယ့်အရေးနှင့် ရင်ဆိုင်နေရတဲ့ ပိုချက်တီနို

1:03 PM, 1 June

ပြီးခဲ့တဲ့နွေရာသီက ပြောင်းရွှေ့လာခဲ့တဲ့ နာပိုလီခံစစ်မှူးဟာ ရူဒီဂါရဲ့နေရာကို အစားဝင်ရောက်နိုင်တယ်လို့ အားလုံးက မှတ်ယူခဲ့ကြတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အစမှာ ကူလီဘာလေအတွက် ခက်ခဲခဲ့ပြီး လိဒ်စ်ယူနိုက်တက်နှင့်ပွဲမှာ လူစားလဲခြင်းခံခဲ့ရပြီးနောက် ဒဏ်ရာကနေ သက်သာဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ သီယာဂိုဆေးလ်ဗားက အသင်းမှာဆက်နေဖို့ များလာခြင်းနဲ့အတူ ဖိုဖာနာ၊ ဘက်ဒီယာရှိုင်းတို့ကိုလည်း ကာလရှည်အတွက် ခေါ်ယူထားတာကြောင့် ကူလီဘာလေရဲ့ လာမယ့်ရာသီ ပထမအသင်း ပွဲထွက်မှုက မသေချာနေတာဖြစ်ပါတယ်။

The Evening Standard ရဲ့ အဆိုအရ ကူလီဘာလေဟာ ချဲလ်ဆီးအသင်းက ရောင်းချလိုတဲ့ စီနီယာကစားသမား စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဆီနီဂေါနိုင်ငံသားဟာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ရရှိနေတာက အတားအဆီးတစ်ခုဖြစ်နေပြီး အသက် ၃၁ နှစ်အရွယ် ကစားသမားကတော့ ချဲလ်ဆီး ဆက်လက်ရှိချင်နေပြီး သက်သေပြလိုနေတာဖြစ်ပါတယ်။

အနာဂတ်နှင့် ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက "ခက်ခဲတဲ့ ရာသီတစ်ခုဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော့်အတွက် အရမ်းကိုခက်ခဲတဲ့ ကြိုဆိုမှုဆိုလည်း ဟုတ်ပါတယ်။ ပရီးမီးယားလိဂ်သို့ လာခဲ့တာက ဒီလိုဖြစ်မယ်လို့ မတွေးခဲ့ဖူးပါဘူး။ ဘောလုံးဆိုတာ ဒီလိုပဲဖြစ်သလို ဘဝဆိုတာကလည်း ဒီလိုပါပဲ" "လာမယ့်ရာသီမှာ အခုလိုမဖြစ်ဖို့အတွက် ဒီရာသီရဲ့ အချိန်တိုင်းသာ လေ့လာသင့်ယူခဲ့ပါတယ်။ ဒီရာသီက ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ်က ဘာလဲဆိုတာကို နားလည်ခဲ့တဲ့ ရာသီကောင်းတစ်ခုပါ။ ကျွန်တော့်အတွက်တော့ အခွင့်အရေးကောင်းတစ်ခုပါပဲ" "ကျွန်တော်အများကြီးသင်ယူခဲ့ရပါတယ်။ ပရီးမီးယားလိဂ်နဲ့ ကလပ်ရဲ့အကြောင်းကိုလည်း ကောင်းကောင်းသိခဲ့ပါတယ်။ ဒါကြောင့်အနာဂတ်က ကောင်းမွန်လာမှာဖြစ်ပါတယ်" "လာမယ့်နှစ်မှာ ချဲလ်ဆီးရဲ့ ကောင်းမွန်တဲ့ ပုံစံကို အသင်းကို ကူညီနိုင်ဖို့ ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံကို မြင်ရတော့မှာဖြစ်တယ်လို့ မျှော်လင့်မိပါတယ်" လို့ ကူလီဘာလေက ပြောပါတယ်။

#တော့တင်ဟမ် #နာပိုလီ #အပြောင်းအရွှေ့ #ပိုချက်တီနို #ကူလီဘာလေ