ရှေ့သို့
Image

အသင်းကနေ ထွက်ခွာချင်တယ်လို့ အသိပေးလိုက်တဲ့ ပါဗက်

9:47 AM, 1 June

သတင်းတွေအရ ယူနိုက်တက်ဟာ ဘိုင်ယန်နောက်ခံလူ ပါဗက်နဲ့ ဆွေးနွေးမှုတွေရှိနေတယ်လို့ သိရပြီး ကစားသမားကိုယ်တိုင်က ဘိုင်ယန်ကနေ ထွက်ခွာချင်နေပါတယ်။

ပါဗက်နဲ့ ဘိုင်ယန်တို့ကြား စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်တော့တာဖြစ်ပြီး အခုအပတ်တုန်းက ဘိုင်ယန်ထံ ထွက်ခွာခွင့်တောင်းဆိုထားတာဖြစ်ပါတယ်။ ပြင်သစ်သားကို ဥရောပကလပ်အသင်းတော်တော်များများက စိတ်ဝင်စားနေပြီး ယူနိုက်တက်အပြင် မန်စီးတီး၊ အင်တာနဲ့  ရီးရဲလ်တို့ကပါ စိတ်ဝင်စားနေပါတယ်။

လီဗာပူးကတော့ ဘိုင်ယန်စတား ဂရာဗန်ဘာ့ဂျ်ကို ခေါ်ယူဖို့ ဆွေးနွေးနေသလို အသက် ၂၇ နှစ်အရွယ် ပါဗက်ကိုလည်း ခေါ်ယူချင်နေပါတယ်။ ဘိုင်ယန်ဟာ ပါဗက်ကို ပေါင်သန်း ၃၀ လောက်ရရင် ရောင်းချဖွယ်ရှိနေပြီး ကစားသမားကလည်း စိန်ခေါ်မှုအသစ်တွေ လိုချင်နေပါတယ်။

ပါဗက်ကို ရောင်းချဖြစ်ခဲ့ရင် ဘိုင်ယန်ဟာ သူကနေရာအတွက် အစားထိုးကစားသမားတွေ ခေါ်ယူမှာဖြစ်ပြီး တိုက်စစ်ပိုင်းအပြင် ကွင်းလယ်ပိုင်းမှာ ရိုက်စ်ကို စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်ကတော့ ညာနောက်ခံလူနဲ့ ဗဟိုခံစစ်နေရာတွေကို အားဖြည့်ချင်နေပြီး ကင်ဂျေမင်းအပြင် ပါဗက်ကိုပါ ခေါ်ယူချင်နေပါတယ်။
ပါဗက်ဟာ လွန်ခဲ့တဲ့လတွေကတည်းက ဘိုင်ယန်ကနေ ထွက်ခွာချင်နေတာဖြစ်ပြီး အခုတော့ နွေရာသီမှာ နယ်မြေအသစ်ကို စိန်ခေါ်မှုတွေအတွက် ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ပါဗက်