ရှေ့သို့
Image

အိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်တွင် ယူနိုက်တက် ကစားသမားတစ်ဦးကို ခေါ်ပြီး စကားပြောခဲ့တဲ့ မာကိုဆေးလ်ဗား

11:38 AM, 30 May

တနင်္ဂနွေနေ့ ပွဲအပြီးမှာတော့ အိုးထရက်ဖို့ဒ်ပြင်ပတွင် မာကိုဆေးလ်ဗားဟာ ယူနိုက်တက်စတားဖြစ်တဲ့ ဖရက်ဒ်နှင့် စိတ်ဝင်တစား စကားပြောဆိုနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးရာသီတွင် အကောင်းဆုံးလုပ်နိုင်ခဲ့ပြီးနောက် တန်ဟက်ဟာ နွေရာသီမှာ ကစားသမားသစ်ခေါ်မှုတွေလုပ်မှာဖြစ်ပြီး ဘရာဇီးနိုင်ငံသားကလည်း အသင်းမှာ အနာဂတ်မရေရာနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်အတွက် ဖြည့်တင်းမှုများလုပ်မှာဖြစ်ပြီး ဖရက်ဒ်အနေနဲ့ ပွဲထွက်ခွင့် ဆုံးရှုံးရဖွယ်ရှိနေတာဖြစ်ပါတယ်။ သူဟာ ကက်စ်မဲရိုး၊ အဲရစ်ဆင်နှင့် ဖာနန်ဒက်ဇ်တို့ရဲ့နောက်မှာ ရှိနေတာဖြစ်ပြီး ကွင်းလယ်ကစားသမားသစ်သာ ရောက်လာခဲ့ပါက သူ့ရဲ့ပွဲထွက်ခွင့်က နောက်ဆုံးသို့ ရောက်သွားဖွယ်ရှိနေပါတယ်။ ဆေးလ်ဗားကတော့ ဖရက်ဒ်ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး ဖူလ်ဟမ်သို့ ခေါ်ယူရန် စည်းရုံးနေတာဖြစ်ပါတယ်။

တနင်္ဂနွေနေက နောက်ဆုံးပွဲစဉ်ကို ကစားခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်က ကားပါကင်မှာ ဖူလ်ဟမ်နည်းပြဟာ ဖရက်ဒ်နှင့် စကားပြောဆိုနေခဲ့တာဖြစ်ပါတယ်။ ဆေးလ်ဗားဟာ အခြားယူနိုက်တက်ကစားသမားတွေကို စကားပြောဆိုခြင်းမရှိဘဲ ဖူလ်ဟမ်အသင်းရဲ့ ဘက်စ်ကားပေါ်ကနေဆင်းကာ ဖရက်ဒ်နှင့်သာ ပြောဆိုခဲ့တာဖြစ်ပါတယ်လို့ သိရှိရပါတယ်။
Manchester Evening News က ဆိုပါကိစ္စကို လိုက်လံစုံစမ်းခဲ့ပြီး ဖူလ်ဟမ်ဟာ နွေရာသီမှာ ဖရက်ဒ်ကိုခေါ်ယူဖို့ ကမ်းလှမ်းနိုင်ကြောင်း နှင့် ယူနိုက်တက်ဟာ လူငယ်ကွင်းလယ်ကစားသမားကို ခေါ်ယူဖြည့်တင်းဖို့ရှိနေကြောင်း ဖော်ပြထားပါတယ်။ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ နောက်ထပ် ကစားသမားကတော့ တွန်မီနေးပဲဖြစ်ပါတယ်။ ယူနိုက်တက်အကြီးအကဲတွေကတော့ ဖရက်ဒ်ထက် တွန်မီနေးကိုသာ လက်လွှတ်လိုနေတာဖြစ်ပါတယ်။

ဖရက်ဒ်ရဲ့ စာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် လာမယ့်လအတွင်းသူ့ကို ရောင်းချဖို့ အကောင်းဆုံး အခွင့်အရေးလည်းဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အငှားခေါ်ယူထားတဲ့ ဆာဘစ်ဇာကို အပြီးသတ်ခေါ်ယူမလားဆိုတာကို ဆုံးဖြတ်ချက်မချရသေးပါဘူး။ ဩစတြေးလျနိုင်ငံသားဟာ ဘိုင်ယန်မြူးနစ်ကနေ ၆လအငှားဖြင့် လာရောက်ကစားခဲ့ကတည်းက အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြသထားတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ချဲလ်ဆီးက မေဆန်မောင့်ကို ခေါ်ယူဖို့လည်းရှိနေပါတယ်။ အင်္ဂလန်နိုင်ငံသားဟာ နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဖြင့် အသင်းကနေ ထွက်ခွာဖို့ရှိနေပါတယ်။ တနင်္ဂနွေနေ့ ပွဲအပြီးမှာ မောင့်ဟာ ကွင်းအတွင်းရှိ ကျန်ရှိနေတဲ့ ပရိသတ်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ ဗီဒီယိုပေါ်ထွက်လာခဲ့ပြီး ချဲလ်ဆီး ကစားသမားအဖြစ် နောက်ဆုံးပွဲလည်းဖြစ်လာနိုင်ချေရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆေးလ်ဗား #ဖရက်ဒ် #ပရီးမီးယားလိဂ်