ရှေ့သို့
Image

ယူနိုက်တက်ကို ဝယ်ယူရန် ထိပ်ဆုံးက ဦးဆောင်နေဆဲဖြစ်တဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်

2:47 PM, 29 May

ဗြိတိန် ဘီလျံနာ ဆာဂျင်မ်ရက်ကလစ်ဖ်သည် မကြာသေးမီက ယူနိုက်တက်ကို အပြီးသတ် ဝယ်ယူခွင့်ရရန် အခွင့်အရေးများသည် တိုးတက်မှု မရှိခဲ့သော်လည်း  ထိပ်ဆုံးကပြေးနေဆဲဟု သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

ဆာဂျင်မ်ရက်ကလစ်ဖ်သည် သည် ယခုအချိန်အခိုက်အတန့်တွင် ယူနိုက်တက် ၏ အစုရှယ်ယာများကို ၅၁% ဝန်းကျင်သာရှိမည်ဖြစ်ပြီး ဂလေဇာများသည် ၂၀% အနည်းစုဖြင့် ကလပ်တွင် ဆက်လက်ရှိနေမည့်အလားအလာကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ အခြားတစ်ဖက်တွင် ရှိတ်ဂျက်ဆင် မှကမ်းလှမ်းမှုသည် ကလပ်၏ ၁၀၀% အတွက်ဖြစ်ပြီး ဂလေဇာ မိသားစုအား ယူနိုက်တက်တွင်မရှိစေလိုတဲ့ သဘောထားရှိကြောင်းသိရပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်က ကလပ်အတွက် ဦးစားပေး လေလံဆွဲသူသည် အမည်စာရင်း တင်သွင်းရန် နီးစပ်နေပြီဟု အကြံပြုထားသော်လည်း ခုနစ်ရက်အတွင်း တိုးတက်လာသည့်အခြေအနေမျိုး မရှိခဲ့ပေ။

Sky Sports News ရဲ့ ဖော်ပြချက်အရ ယူနိုက်တက် ဒါရိုက်တာတွေဟာ အသင်းအာရောင်းချမည့် အခြေအနေတွေကို ဆွေးနွေးဖို့ ကြာသပတေးနေ့မှာ တွေ့ဆုံခဲ့ပေမယ့် လေလံဆွဲသူအတွက် အပြီးသတ် ဆုံးဖြတ်ချက် မချခဲ့ပါဘူး။ ရှိတ်ဂျက်ဆင်သည် ယူနိုက်တက်အသင်းအပေါ် ၎င်း၏စိတ်ဝင်စားမှုသည် အေးအေးစက်စက်ဖြစ်လာကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားသော်လည်း ဆာဂျင်မ်ရက်ကလစ်ဖ်သည် ကလပ်ကို ၀ယ်ယူရန် ထိပ်တန်းကိုယ်စားလှယ်အဖြစ်ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ရှိတ်ဂျက်ဆင် ၏ အစောပိုင်းတွင်ကမ်းလှမ်းခဲ့သော ယူနိုက်တက်အသင်းအတွက် စျေးနှုန်းမှာ ပေါင် ၅.၂ ဘီလျံဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ဂလေဇာ မိသားစုက ၎င်းအား ပေါင် ၆ ဘီလီယံအထိ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကာတာဘဏ်လုပ်ငန်းရှင်သည် ပရီးမီးယားလိဂ်ကလပ်တစ်ခု၏ပိုင်ရှင်ဖြစ်လာရန် စိတ်အားထက်သန်နေသည်ဟု ဝက်စ်ဟမ်းယူနိုက်တက်အသင်းမှ သတင်းများ ထွက်ပေါ်လျက်ရှိပြီး သရဲနီများအတွက် ရွေးချယ်စရာအဖြစ် သတ်မှတ်ခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ဆာဂျင်မ်ရက်ကလစ်ဖ် ၏ ကမ်းလှမ်းချက်သည် သုံးနှစ်အကြာတွင် ဂလေဇာ ပိုင်ဆိုင်သော ကျန်ရှယ်ယာများကို ဝယ်ယူနိုင်စေမည့် အပိုဒ်တစ်ခု ပါဝင်မည်ဟု ယူဆရပါတယ်။ Ineos မှ ကမ်းလှမ်းမှုသည် ပေါင် ၅.၅ ဘီလီယံတန်ကြေးရှိပြီး ဂလေဇာ မိသားစုမှသတ်မှတ်ထားသော ပေါင် ၆ ဘီလီယံတောင်းဆိုမှုထက် နည်းသေးသည်ဟု ယူဆရပါတယ်။

လက်ရှိ ပိုင်ရှင်များသည် လူနည်းစု ရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူရန် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ထားသော်လည်း ဆာဂျင်မ်ရက်ကလစ်ဖ်နှင့် ရှိတ်ဂျက်ဆင်တို့သည် ယူနိုက်တက်အသင်းအတွက်ပိုင်ဆိုင်မှုကို အပြီးသတ်ရန် ထိပ်တိုက် တွေ့ကြမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်အပတ် အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး အသင်းဟာ ယခုရာသီ၌ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး တတိယနေရာမှာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #ဆာဂျင်မ်ရက်ကလစ်ဖ်