ရှေ့သို့
Image

ပီအက်စ်ဂျီကို ကျော်ဖြတ်ကာ ပေါင် ၅၂ သန်းတန် စပို့တင်းလစ္စဘွန်း ကစားသမားကို ခေါ်ယူမယ့် ချဲလ်ဆီး

12:55 PM, 29 May

လက်ရှိရာသီမှာ ကစားသမားခေါ်ယူမှုအတွက် ပေါင်သန်း ၅၀၀ ကျော် သုံးစွဲထားသော်လည်း နွေရာသီမှာ ချဲလ်ဆီးက အသင်းရဲ့ အင်အားကို ဆက်လက်မြှင့်တင်သွားဖို့ရှိနေပါတယ်။

စပို့တင်းမှာ ခြေစွမ်းပြသနေတဲ့ အသက် ၂၂ နှစ်အရွယ် ယူဂါတီကို ချဲလ်ဆီးက အလိုရှိနေတာပါ။ ကွင်းလယ်ခံစစ်ကစားသမားဟာ အစောဆုံးအနေဖြင့် လာမယ့် ရက်သတ္တပတ်အတွင်း ချဲလ်ဆီးသို့ ပြောင်းနိုင်ချေရှိပါတယ်လို့ ဥရုဂွေးနိုင်ငံသားသတင်းထောက် ဖရန့်ကိုဖာနန်ဒက်ဇ်က ပြောထားပါတယ်။

ယူဂါတီရဲ့လက်ရှိစာချုပ်ရှိ ဖျက်သိမ်းခဟာ ပေါင် ၅၂ သန်းဖြစ်မယ်လို့ထင်ရပြီး ချဲလ်ဆီးအနေနဲ့ အဆိုပါပမာဏကို ပေးချေဖွယ်ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း ယူဂရိတ်က ပြောကြားခဲ့ပြီး ချဲလ်ဆီးနှင့် ၆ နှစ်သက်တမ်းရှိ စာချုပ် ချုပ်မယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။

သူ့ကို ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးကလည်း စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီကလည်း ပြင်သစ်သို့ ခေါ်ယူလိုနေပါတယ်။ ဘင်ဖီကာအသင်းရဲ့ လူငယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို ဇန်နဝါရီလမှာခေါ်ယူခဲ့ပြီး ပေါ်တူဂီထိပ်တန်းကလပ်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အာဂျင်တီးနားသားကိုခေါ်ယူဖို့အတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်း အသုံးပြုခဲ့ပါတယ်။ ယူဂါတီဟာ ပေါ်တူဂီကလပ် ဖာမယ်လီစီရိုသို့ မပြောင်းရွှေ့မီ ဥရုဂွေးကလပ် ဖီးနစ်မှာ စတင်ကစားခဲ့သူဖြစ်ပါတယ်။ အဆိုပါကလပ်တွင် ၆ လတာကစားခဲ့ပြီးနောက် ၂၀၂၁ခုနှစ် နွေရာသီမှာ စပို့တင်းသို့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

စပို့တင်းအတွက် ၈၅ ပွဲအထိ ပွဲထွက်ကစားခဲ့ပြီး ဥရုဂွေးလက်ရွေးစင် အသင်းအတွက်လည်း ၈ ပွဲအထိ ယူဂါတီက ကစားပေးထားတာဖြစ်ပါတယ်။ လက်ရှိရာသီ ဥရောပပွဲစဉ်များအဖြစ် အာဆင်နယ်၊ တော့တင်ဟမ်တို့နှင့် ရင်ဆိုင်ကစားခဲ့ရတဲ့ပွဲစဉ်တွေမှာ ယူဂါတီက ပါဝင်ကစားခဲ့သူဖြစ်သော်လည်း သောကြာနေ့က စပို့တင်းရဲ့ ဗီဇယ်လာနှင့် ပွဲမှာတော့ အရန်ခုံမှာ ထိုင်ခဲ့ရတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #စပို့တင်း #ယူဂါတီ