ရှေ့သို့
Image

အာဆင်နယ်စတားဟောင်း ဆန်းချက်ဇ်ကို အလွတ်နဲ့ ခေါ်ယူချင်နေတဲ့ ပရီးမီးယားလိဂ်ကလပ်

11:22 AM, 29 May

သတင်းတွေအရ ပရီးမီးယားလိဂ်ကလပ်အသင်း ၁ သင်းဟာ အာဆင်နယ်စတားဟောင်း ဆန်းချက်ဇ်ကို အလွတ်နဲ့ ခေါ်ယူချင်နေကြပါတယ်။

အသက် ၃၄ နှစ်သားဟာ မာဆေးလ်မှာ ကစားပြီးနောက် အလွတ်နဲ့ ရရှိနိုင်မယ့် ကစားသမားဖြစ်လာခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ်နဲ့ ယူနိုက်တက်မှာ ကစားခဲ့ဖူးတာဖြစ်ပါတယ်။ တကယ်လို့ ချီလီသားတစ်ယောက် အလွတ်နဲ့ပြောင်းလာခဲ့မယ်ဆိုရင် အဆိုပါအသင်းက သူ့ရဲ့တတိယမြောက် ပရီးမီးယားလိဂ်ကလပ်ဖြစ်လာဖွယ်ရှိနေပါတယ်။

အာဆင်နယ်စတားဟောင်းဟာ လန်ဒန်မှာ အက်ဖ်အေဖလား ၂ ကြိမ်ရယူနိုင်ခဲ့တာ ဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့အပြီးမှာ ခြေစွမ်းကျဆင်းခဲ့ပြီး အဲ့နောက် အင်တာကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ မာဆေးလ်မှာတော့ အကောင်းဆုံးကစားခဲ့ပေမယ့် အာဆင်နယ်က ပြန်လည်ခေါ်ယူချင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

ချီလီသားကို ပရိသတ်အချို့ ပြန်ခေါ်ချင်ကြပေမယ့် ပရိသတ်အများစုကတော့ ယူနိုက်တက်ကိုပြောင်းခဲ့တာကြောင့် ဒေါသထွက်နေကြပါတယ်။ ဆန်းချက်ဇ်ဟာ အဲ့အစား မန်စီးတီးကို ပြောင်းခဲ့သင့်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါပေမယ့် အာဆင်နယ်က စီးတီးကိုမရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ အာဆင်နယ်ကိုပြောင်းဖို့ ကစားသမားတစ်ဦး ရှိနေပါတယ်။ အဲ့နောက် အာဆင်းက မထွက်ခွာဖို့ တားခဲ့ပေမယ့် ယူနိုက်တက်မှာ ချီလီကစားသမားတွေ မကစားဖူးတာကြောင့် ဒီလိုအခွင့်အရေးထပ်ရမှာ မဟုတ်ဘူးဆိုပြီး ပြောင်းဖြစ်ခဲ့ပါတယ်”လို့ ဆန်းချက်ဇ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #မာဆေးလ် #အပြောင်းအရွှေ့ #ဆန်းချက်ဇ်