ရှေ့သို့
Image

ဖာနန်ဒက်စ် အတွက် နောက်ထပ် အရစ်ကျပေးချေမှုတစ်ခုထပ်လုပ်ခဲ့တဲ့ ယူနိုက်တက်

11:13 AM, 29 May

သတင်းတွေအရ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အပြောင်းအရွှေ့အတွက် စပို့တင်းအသင်းထံ နောက်ထပ်အရစ်ကျပေးချေမှုတစ်ခုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ၂၀၂ တုန်းက စပို့တင်းအသင်းထံကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့အဓိက ကစားသမားဖြစ်လာခဲ့ပါတယ်။

ပေါ်တူဂီသားဟာ ပထမရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံပွဲပေါင်း ၅၈ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းကလည်း အမှတ်ပေးဇယားမှာ အဆင့် ၂ နဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်တစ်ယောက် ၂ ရာသီအတွင်း ဂိုးတွေ သွင်းယူနိုင်ခဲ့သလို အခုတန်ဟက် လက်အောက်မှာလည်း အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေတာဖြစ်ပါတယ်။

ဒီရာသီမှာလည်း ဖာနန်ဒက်စ်ဟာ ပြိုင်ပွဲစုံ ၂၅ ဂိုးအထိ ပါဝင်ပတ်သက်ထားပြီး သူ့ထက်ပိုများတဲ့ ကစားသမားအဖြစ် ရက်ရှ်ဖို့ဒ်သာရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် ကနဦး ပေါင် ၄၇ သန်းသာ ပေးခဲ့ရပြီး ထပ်ဆောင်းအပိုဆုကြေးတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရင်ပေးချေရမှာတွေပါရှိတာ ဖြစ်ပါတယ်။

ပေါ်တူဂီသတင်းဌာနကတော့ ယူနိုက်တက်ဟာ စပို့တင်းအသင်းထံ ပေါင် ၈.၆ သန်းပေးချေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အသင်းအတွက် ၂၅ ပွဲပြည့်ရင် ယူရို ၅ သန်း နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ယူရို ၅ သန်း ပေးချေရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပထမ ၂ ရာသီမှာ ထိပ်ဆုံး ၄ သင်းနေရာ ၂ ကြိမ်ဝင်ခွင့်ရရှိခဲ့ကာ ပြီးခဲ့တဲ့ရာသီတုန်းက လွဲချော်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဟာ စပို့တင်းအသင်းထံ ပေါင် ၁၃ သန်းပေးချေဖို့ ကျန်သေးတယ်လို့ သိရကာ အဆိုပါအရစ်ကျတွေက ဖာနန်ဒက်စ်ချန်ပီယံလိဂ်ဖလား ရခဲ့ရင် ယူနိုက်တက်ကစားသမားအဖြစ်နဲ့ ဘော်လွန်းဒီအော်ဆုရခဲ့ရင် ပေးချေရမှာတွေပါရှိတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ပရီးမီးယားလိဂ်