ရှေ့သို့
Image

ဂါလာတာစာရေးစတားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်

11:02 AM, 29 May

သတင်းတွေအရ အာဆင်နယ်ဟာ ဂါလာတာစာရေးညာနောက်ခံလူ ဆာချာဘိုအေကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

နွေရာသီမှာ အာဆင်နယ်ဟာ လူအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး အရည်အသွေးပြည့်ဝတဲ့ညာနောက်ခံလူမျိုးကို ရှာဖွေနေတာဖြစ်ပါတယ်။ တူရကီကလပ်ဘက်ကတော့ သူတို့စတားအတွက် ပေါင်သန်း ၂၀ လောက် အလိုရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ဆာလီဘာနဲ့ တိုမီယာဆုတို့ကိုလက်လွှတ်ခဲ့ရတာကြောင့် ချန်ပီယံဆုကို မန်စီးတီးထံ လက်လွှဲပေးခဲ့ရကာ အသင်းနောက်တန်းကို အဓိကပြင်ဆင်ချင်နေပါတယ်။ အစောပိုင်းသတင်းတွေအရ အာဆင်နယ်ဟာ မန်စီးတီးညာနောက်ခံလူ ကန်ဆယ်လိုကို ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပေမယ့် ပေါ်တူဂီသားကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။

အာတီတာရဲ့အာဆင်နယ်အသင်းဟာ ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ် ဝုဗ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ဂါလာတာစာရေး #အာဆင်နယ် #အပြောင်းအရွှေ့ #ဆာချာဘိုအေ