ရှေ့သို့
Image

မန်စီးတီးကို အနိုင်ကန်ချင်တယ်ဆိုရင် လှည့်ကွက်အနည်းငယ်သုံးရလိမ့်မယ်လို့ ဝိန်းရွန်းနီ ဝန်ခံပြောကြား

10:32 AM, 29 May

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အက်ဖ်အေဖလားမှာ စီးတီးကို အနိုင်ကန်ချင်တယ်ဆိုရင် ယူနိုက်တက်အနေနဲ့ လှည့်ကွက်အနည်းငယ်သုံးရမယ်လို့ ယုံကြည်နေပါတယ်။

စီးတီးဟာ အက်ဖ်အေဖလားမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ဒီရာသီဖလား ၃ လုံး ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ တန်ဟက်ရဲ့ အသင်းဟာ ဒီရာသီမှာ စီးတီးကို အနိုင်ကန်ထားပြီးဖြစ်ကာ အခုဝင်ဘာလေမှာလည်း အနိုင်ကန်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“စီးတီးကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအတွက် အက်ဖ်အေဖလား ဖိုင်နယ်မှာ ယူနိုက်တက်ထက် ဖိအားရှိမှာမဟုတ်ပါဘူး။ ယူနိုက်တက်အတွက်တော့ စိတ်လှုပ်ရှားဖွယ်ရာ ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပါတယ်။ အချိန်ပိုနဲ့ ပင်နယ်တီလောက်အထိတောင်သွားနိုင်တယ်လို့ ခံစားမိပါတယ်။ ယူနိုက်တက်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူတို့ လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော့်နည်းစနစ်ကတော့ စီးတီးကိုအနိုင်ကန်ချင်တယ်ဆိုရင် မတူညီတာတွေလုပ်ဖို့ လိုအပ်ပါတယ်။ မော်ရင်ဟို အသုံးပြုခဲ့တဲ့နည်းအတိုင်းလုပ်ဖို့ လိုအပ်ပါတယ်။ အဲ့တုန်းက မော်ရင်ဟိုလုပ်ခဲ့တဲ့နည်းစနစ်က တော်တော်လေးအဆင်ပြေပါတယ်။ ပြီးတော့ တန်ပြန်တိုက်စစ်ကနေ ဒုက္ခပေးနိုင်ပြီး အခုလည်း အဲ့နည်းစနစ်က စီးတီးကို ဒုက္ခပေးနိုင်ပါတယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ၂၀၁၉ တုန်းက ဝက်ဖို့ဒ်ကို အနိုင်ကန်ပြီး အက်ဖ်အေဖလား ရယူထားနိုင်ခဲ့ကာ တန်ဟက်ရဲ့ယူနိုက်တက်ကတော့ ဒီရာသီမှာ ကာရာဘောင်ဖလား ရယူထားနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ရွန်းနီ #ပရီးမီးယားလိဂ်