ရှေ့သို့
Image

ဆုဖလားရရန် လက်တစ်ကမ်းအလိုမှာ ဘယ်လင်ဂမ်ကို ဘာကြောင့် အသုံးမပြုခဲ့တာလဲ ဆိုတာ ဖွင့်ဟလာတဲ့ နည်းပြ တာဇစ်

9:53 AM, 29 May

ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃၄) ရာသီသိမ်းပွဲစဉ်အဖြစ် အမှတ်ပေးဇယားအဆင့် ၁နေရာတွင် ဦးဆောင်ခွင့်ရထားတဲ့ ဒေါ့မွန်အသင်းနဲ့ မိန့်ဇ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲစဉ်တွင် မိန့်အသင်းရဲ့ ဦးဆောင်ဂိုးတွေကို ဒေါ့မွန်အသင်းက ပြန်လည်ချေပရင်း ၂ဂိုး - ၂ဂိုး ရလဒ်ထွက်ပေါ်ကာ ဒေါ့မွန်အသင်းက ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပြီး နည်းပြ အီဒင် တာဇစ်က ခြေစွမ်းပြနေတဲ့ ဘယ်လင်ဂမ် မပါတဲ့အပေါ် ရှင်းပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်း ဆစ်ဂနယ်အီဒူနာပါ့ခ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါ ပွဲစဉ်တွင် မိန့်ဇ်အသင်းက အိုလ်ဆင်၊ အွန်နီဆီဝိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပထမပိုင်း ပွဲကစားချိန်အပြီးမှာ ၂ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပြီး ဒေါ့မွန်အသင်း ပင်နယ်တီ ရခဲ့သေးပေမဲ့ အဓိကတိုက်စစ်ကစားသမား ဆီဘက်စ်တီယန်ဟော်လာရဲ့ ပင်နယ်တီလွဲချော်မှုကြောင့် နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ဒေါ့မွန်အသင်းက ကစားပုံ သိသိသာသာ တိုးတက်လာခဲ့ပြီး ဂွာရဲရိုး၊ ဆူလီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချေပနိုင်ခဲ့ပေမဲ့ ချန်ပီယံဆုအတွက် လိုအပ်နေတဲ့ အနိုင်ဂိုး မရခဲ့တာကြောင့် ကိုလုံးအသင်းကို ၂ဂိုး - ၁ဂိုး ဖြင့် အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့က ဘွန်ဒက်စ်လီဂါချန်ပီယံအဖြစ် ၁၁ကြိမ်မြောက် ဆွတ်ခူးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ကွင်းမှာ ကစားခွင့်ရခဲ့ရမှာ အနိုင်ရလဒ်မဖော်ဆောင်နိုင်ခဲ့တာကြောင့် ဝေဖန်မှုူဒဏ်နဲ့ ကြုံတွေ့နေရချိန် ထောက်ပြစရာဖြစ်နေတဲ့ အဓိက ကစားသမား ဘယ်လင်ဂမ်ရဲ့ မပါဝင်ခဲ့မှုနဲ့ ပက်သက်လို့ နည်းပြ အီဒင်တာဇစ်က“သောကြာနေ့ အထိတော့ ရဲ့ ကျန်းမားရေးအခြေအနေက အားလုံးကောင်းပါတယ်။ ပွဲကစားမယ့် ဒီနေ့နံနက်ရောက်တော့မှ သူ့အနေနဲ့ ဒူးဒဏ်ရာကြောင့် ပွဲထွက်ကစားပေးနိုင်ရန် ရာနှုန်းပြည့် ကြံ့ခိုင်မှု ရှိမနေဘူးလို့ သိခဲ့ရပါတယ်” လို့ ရှင်းပြ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ဒေါ့မွန် #မိန့်ဇ် #ဘွန်ဒက်စ်လီဂါ #တာဇစ်