ရှေ့သို့
Image

အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ ဘာစီလိုနာပရိသတ်တွေကို နှုတ်ဆက်သွားကြတဲ့ အယ်လ်ဘာနဲ့ ဘက်စ်ကွက်

9:51 AM, 29 May

ဂျော်ဒီအယ်ဘာနဲ့ ဘက်စ်ကွက်တို့ဟာ ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။ နှစ်ဦးပေါင်း ၃၉နှစ်ကြာ အသင်းမှာရှိခဲ့တဲ့ အယ်ဘာနဲ့ ဘက်စ်ကွက်တို့ဟာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ ဘာစီလိုနာကို ခွဲခွာရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ ကစားသမားနှစ်ဦးစလုံးကို မက်ဆီနဲ့အတူ ခေါ်ယူဖို့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။
ဒါပေမယ့် ယမန်နေ့ည မာယော့ကာနဲ့ ပွဲစဉ်အပြီးမှာတော့ အယ်ဘာနဲ့ ဘက်စ်ကွက်တို့ နှစ်ဦးသာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတည်းက ၂၇ ကြိမ်မြောက် လာလီဂါဆုဖလားကို ဆွတ်ခူးခဲ့ပြီး ဖြစ်ပါတယ်။ ရှေ့ပွဲမှာ ဘာစီလိုနာတို့ ဆုဖလားအတွက် အောင်ပွဲခံပြီးပြီဖြစ်တာကြောင့် ယမန်နေ့ည ပွဲစဉ်အပြီးမှာတော့ အသင်းကထွက်ခွာတော့မယ့် ဂန္တဝင်ကို နှုတ်ဆက်ဖို့အချိန်ကျရောက်လာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဖာတီ၊ ဂါဗီတို့ရဲ့ဂိုးတွေနဲ့အတူ သုံးဂိုးပြတ်အနိုင်ရခဲ့ပြီး ၈၁မိနစ်မှာ လူစားလဲခံရချိန် အယ်ဘာတစ်ယောက် မျက်ရည်တွေနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။ ၃၄နှစ်သားဟာ လာမာစီယာထွက် ကစားသမားတစ်ဦးဖြစ်ပေမယ့် ဗလန်စီယာအကယ်ဒမီကို ထွက်သွားခဲ့ကာ လွန်ခဲ့တဲ့ ၁၁နှစ်က ဘာစီလိုနာကို ပြန်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်း ခေါ်ယူခဲ့တဲ့ ယူရို၁၄သန်းဆိုတဲ့တန်ကြေးက တကယ်တန်တယ်လို့ ပြောရမှာဖြစ်ပြီး အယ်ဘာတစ်ယောက် အသင်းအတွက် ပြိုင်ပွဲစုံ ၄၅၀ကျော် ကစားပေးခဲ့ပါတယ်။ အယ်ဘာဟာ ဘာစီလိုနာနဲ့ အတူ လာလီဂါဖလား၆ကြိမ်၊ စပိန်ဘုရင့်ဖလား၅ကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။

ဘက်စ်ကွက်ဟာလည်း အယ်ဘာနဲ့အတူ ဘာစီလိုနာ အသင်းရဲ့ ဂန္တဝင်တစ်ဦးဖြစ်လာဖို့ ရှိနေပါတယ်။
အသင်းခေါင်းဆောင် ဘက်စ်ကွက်ဟာ ၂၀၀၅ခုနှစ်မှာ အကယ်ဒမီကနေ ထွက်ပေါ်လာပြီးနောက် သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူတစ်ဦးအဖြစ် ဇာဗီ၊ အင်နီယေစတာတို့နဲ့အတူ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘက်စ်ကွက်ဟာ လိဂ်ဖလား ၉ကြိမ်၊ ချန်ပီယံလိဂ် သုံးကြိမ်အပါအဝင် ဆုဖလား ၃၂ကြိမ်အထိ ဆွတ်ခူးခဲ့သလို စပိန်နဲ့အတူ ကမ္ဘ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဘက်စ်ကွက် #ဂျော်ဒီ အယ်လ်ဘာ