ရှေ့သို့
Image

ယနေ့ည ၁၀း၀၀မှာ ကစားမယ့် လက်စတာ - ဝက်စ်ဟမ်း ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

12:00 PM, 28 May

လက်စတာ ဒဏ်ရာရလူစာရင်း - ဂျက်စတင်၊ ဗက်စ်တီဂတ်၊ အီယန်နာချို၊ ဒန်နီဝက်ဒ်(သေချာပေါက်လွဲ)၊ ဆိုယွန်ကူ၊ အန်ဒီဒီ၊ ဘာထရန်၊ ဒူးစ်ဘူရီဟော၊ အီဗန်စ်၊ ပါရဲရား(မသေချာ)

ဝက်စ်ဟမ်း ဒဏ်ရာရလူစာရင်း - ဆကာမက်ကာ(သေချာပေါက်လွဲ)၊ အာဂတ်စ်၊ ဒေါင်းနက်စ်(မသေချာ)


အိမ်ရှင် လက်စတာအသင်း အခြေအနေ

=====================

လက်စတာအသင်းဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ သရေကန်နိုင်ခဲ့တာကြောင့် စောစောစီးစီးတန်းဆင်းရမယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့ပေမယ့် သူ့ရဲ့အသက်က အဲဗာတန်အပေါ်မှာမူတည်နေပါတယ်။


ဧည့်သည်ု ဝက်စ်ဟမ်းအသင်း အခြေအနေ

============================

ဝက်စ်ဟမ်းက တန်းမဆင်းရတာ သေချာသွားပြီဖြစ်လို့ ပရီးမီးယားလိဂ်ထက်စာရင် ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲအတွက်ပဲ အာရုံစိုက်လာဖို့ရှိနေပါတယ်။


ထူးခြားချက်များ

============

လက်စတာအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၅ပွဲမှာ ၁၄ပွဲ နိုင်ပွဲပျောက်ခဲ့ပါတယ်။


ခန့်မှန်းချက် 

==========

လက်စတာက ဒီပွဲနိုင်ရင်တောင် အဲဗာတန်ပွဲရလဒ်ကို ကြည့်ရဦးမယ်ဖြစ်လို့ သူများပေးတဲ့အသက်နဲ့အသက်ဆက်ရမယ်လို့တောင် ပြောရမှာ။ ဝက်စ်ဟမ်းက ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲရှိနေတာကြောင့် ယနေ့ညပွဲမှာ အရန်တွေနဲ့သာ ကစားလာနိုင်ပါတယ်။ လက်စတာက ဖောင်ဖျက်တိုက်ရမယ့် အခြေအနေမှာ ဝက်စ်ဟမ်းကလည်း ဂိုးရနိုင်လို့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ပါတယ်။

.

လက်စတာ - ဝက်စ်ဟမ်း ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------

ဝက်စ်ဟမ်း ၀ - ၂ လက်စတာ (၁၂-နိုဝင်ဘာ-၂၀၂၂)

လက်စတာ ၂ - ၂ ဝက်စ်ဟမ်း (၁၃-ဖေဖော်ဝါရီ-၂၀၂၂)

ဝက်စ်ဟမ်း ၄ - ၁ လက်စတာ (၂၄-သြဂုတ်-၂၀၂၁)

ဝက်စ်ဟမ်း ၃ - ၂ လက်စတာ (၁၁-ဧပြီ-၂၀၂၁)

လက်စတာ ၀ - ၃ လက်စတာ (၄-အောက်တိုဘာ-၂၀၂၀)

.

လက်စတာ နောက်ဆုံး (၅) ပွဲရလဒ်

---------------------------

နယူးကာဆယ် ၀ - ၀ လက်စတာ (၂၃-မေ-၂၀၂၃)

လက်စတာ ၀ - ၃ လီဗာပူး (၁၆-မေ-၂၀၂၃)

ဖူလ်ဟမ် ၅ - ၃ လက်စတာ (၈-မေ-၂၀၂၃)

လက်စတာ ၂ - ၂ အဲဗာတန် (၂-မေ-၂၀၂၃)

လိဒ်စ် ၁ - ၁ လက်စတာ (၂၆-ဧပြီ-၂၀၂၃)

.

ဝက်စ်ဟမ်း နောက်ဆုံး (၅) ပွဲရလဒ်

-----------------------------

ဝက်စ်ဟမ်း ၃ - ၁ လိဒ်စ် (၂၁-မေ-၂၀၂၃)

အယ်လ်ခမာ ၀ - ၁ ဝက်စ်ဟမ်း (၁၉-မေ-၂၀၂၃)

ဘရန့်ဖို့ဒ် ၂ - ၀ ဝက်စ်ဟမ်း (၁၄-မေ-၂၀၂၃)

ဝက်စ်ဟမ်း ၂ - ၁ အယ်လ်ခမာ (၁၂-မေ-၂၀၂၃)

ဝက်စ်ဟမ်း ၁ - ၀ ယူနိုက်တက် (၈-မေ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #လက်စတာ #ဝက်စ်ဟမ်း #ပရီးမီးယားလိဂ်