ရှေ့သို့
Image

ချဲလ်ဆီးအသင်းအား ပြင်ဆင်ရန် နောက်ခံလူအသစ် ၄ ဦး လိုအပ်ကြောင်း ပိုချက်နီနိုကို သတိပေးလိုက်တဲ့ ပေါလ်စခိုး

2:15 PM, 28 May

ပေါလ်စခိုးက ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုအနေနဲ့ ဒီနွေရာသီမှာ အားနည်းနေတဲ့ ချယ်လ်ဆီးအသင်းကို တိုးတက်ကောင်းမွန်လာစေဖို့ဆိုရင် ကွင်းရဲ့အဆုံးနှစ်ဖက်စလုံးမှာ အပြောင်းအလဲတွေ ပြုလုပ်ရမယ်လို့ သတိပေးခဲ့ပါတယ်။


ချဲလ်ဆီးအသင်းသည် ယခုရာသီတစ်လျှောက်လုံး ၃၇ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်တွင် စတုတ္ထမြောက် သွင်းဂိုးအနည်းဆုံးဖြစ်သည့် လန်ဒန်ကလပ်သည် လက်ရှိတွင် အဆင့် ၁၂ နေရာတွင် ရပ်တည်နေတာဖြစ်ပါတယ်။


တန်းဆင်းဇုန်မှာရှိနေတဲ့ လက်စတာနှင့် လိဒ်နှစ်သင်းစလုံးသည် ချဲလ်ဆီးအသင်းထက် သွင်းဂိုးများပိုများနေပြီး ပရီးမီးယားလိဂ်စတင်ချိန်မှစ၍ ချဲလ်ဆီးအသင်းသည် ၁၉၉၃-၉၄ တွင် အဆင့် ၁၄ နေရာတွင် ရပ်တည်နိုင်ပြီးနောက် အလွန်ဆိုးရွားသောရာသီကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။


မူဒရစ် အတွက် ပေါင် ၈၈ သန်း အပါအဝင် ယခုရာသီ အပြောင်းအရွှေ့များတွင် ပေါင် သန်း ၆၀၀ သုံးစွဲပြီးနောက် အန်ဇိုဖာနန်ဒက်စ် အတွက် ဗြိတိန် ပြောင်းရွှေ့ကြေး (ပေါင် ၁၀၇ သန်း) စံချိန်တင်သုံးစွဲထားတဲ့ တောဘိုလီရဲ့အသင်းဟာ ၎င်းတို့၏ မျှော်လင့်ချက်များအတိုင်း မဖြစ်ခဲ့ပါဘူး။


ဧပြီလတွင် ဂရေဟမ်ပေါ်တာအား ထုတ်ပယ်ပြီးနောက် ကလပ်အသင်းသည် ပိုချက်တီနိုအား ၎င်းတို့၏ မန်နေဂျာသစ်အဖြစ် ခန့်အပ်ရန် ပြင်ဆင်နေသော်လည်း ထိပ်တန်းအသင်းနှင့် အပြိုင်အဆိုင်ဖြစ်လိုပါက ၎င်း၏နောက်တန်းလေးဦးလုံးကို ပြန်လည်စဉ်းစားရမည်ဟု စခိုးလ်က သတိပေးလိုက်ပါတယ်။


"ပိုချက်တီနို ဟာ ဗဟိုခံစစ် ၊ ညာနောက်ခံ ၊ ဘယ်နောက်ခံ ၊ နောက်တန်း အသစ် လေးယောက် ကို ၀ယ်ရ လိမ့်မယ် လို့ ထင်ပါတယ် ။ ဂိုးသမားနေရာအတွက်တော့မသေချာပါဘူး။ ဒါပေမယ့် ရှေ့ကို ဆက်သွားမယ့် အသင်းတစ်သင်းကို အမြဲကြည့်ရမယ်ဆို ခံစစ်သမားတွေကလည်း အရေးကြီးပါတယ်။ သူတို့က အမြဲတမ်း အခွင့်အရေးတွေ ဖန်တီးပေးလိမ့်မယ်၊ ကိုယ့်ရဲ့အသင်းက ဂိုးတွေ သွင်းနိုင်ရင် ကိုယ့်မှာ အခွင့်အရေး အမြဲရှိတယ်။"လို့ပြောကြားခဲ့ပါတယ်။


အာဂျင်တီးနားမန်နေဂျာသည် ဇူလိုင်လတွင် ချဲလ်ဆီးအသင်းကို တာဝန်ယူရတော့မည်ဖြစ်ပြီး ဇန်နဝါရီတွင် ပေါင် ၂၆.၃ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် လိုင်ယွန်တွင် အငှားချထားသော ညာနောက်ခံလူ မာလိုဂူစတိုအပါအဝင် မျက်နှာသစ်အချို့သည် အသင်းသို့ လာရောက်ပူးပေါင်းနေပြီဖြစ်ပါတယ်။


လစ်ပ်ဇစ်ပ်ကြယ်ပွင့်ဖြစ်သူ ခရစ်စတိုဖာ အန်န်ကန်ကူ သည် ဒီဇင်ဘာလတွင် ဘွန်ဒက်စ်လီဂါမှ ပေါင် ၆၃ သန်းဖြင့် ချဲလ်ဆီးသို့ပြောင်းရွှေ့ရန် သဘောတူညီခဲ့ပြီးနောက် ကလပ်သို့ ရောက်လာတော့မှာဖြစ်ပါတယ်။


စခိုးလ် သည် ချဲလ်ဆီးအသင်းအတွက်နောက်တန်းလေးဦး လိုအပ်သည်ဟု ယုံကြည်နေသော်လည်း ကလပ်သည် မကြာသေးမီကပင် ၎င်းတို့၏ခံစစ်တွင် အားဖြည့်မှုအသစ်များစွာကို ခေါ်ယူခဲ့ပြီး ဗဟိုခံစစ်ကစားသမား ကူလီဘာလီ၊ ဘာဒီရှီးလ်နှင့် ဘယ်နောက်ခံလူ မာ့ခ်ကူကာရယ်လာတို့ဖြစ်ကြပါတယ်။


ချဲလ်ဆီးအသင်းသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ယူနိုက်တက်ကို ၄-၁ ဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်တွင်မြင်တွေ့ရသည့်အတိုင်း ပြိုင်ဘက်များနှင့် ကစားသည့်ပွဲစဉ်များတွင် ရုန်းကန်နေရခြင်းကြောင့် စခိုးလ် က ၎င်းတို့သည် ဗဟိုတိုက်စစ်မှုးအသစ်တစ်ဦး လိုအပ်နေပြီး ပိုချက်တီနိုသည် ရိုမီလူလူကာကူကို ချဲလ်ဆီးအသင်းနှင့် ပြန်လည်ပေါင်းစည်းရန် ကြိုးစားပုံရကြောင်းပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပေါလ်စခိုးလ် #ပရီးမီးယားလိဂ်