၂၀၀၁ ခုနှစ်တုန်းက ချဲလ်ဆီးသို့ပြောင်းခဲ့တဲ့အပေါ် နောင်တရမိကြောင်းပြောကြားလိုက်တဲ့ ပီတစ်
1:57 PM, 28 May
၂၀၀၁ ခုနှစ်တုန်းက ဘာစီလိုနာကနေ ထွက်ခွာကာ ယူနိုက်တက်သို့မဟုတ်ဘဲ ချဲလ်ဆီးသို့ ပြောင်းရွေခဲ့တာက အမှားလုပ်မိခဲ့တာဖြစ်ကြောင်း အီမန်နူရယ်ပီတစ်က ပြောကြားလိုက်ပါတယ်။ အဲ့ဒီမတိုင်ခင် ၁ နှစ်တုန်းက သူဟာ အာဆင်နယ်ကနေ ဘာစီလိုနာသို့ ပြောင်းရွေ့ခဲ့သူဖြစ်ပါတယ်။
သို့သော်လည်းအင်္ဂလန်သို့ ပြန်လည်မပြောင်းရွှေ့မီ တစ်နှစ်သာ ကစားခဲ့ပြီး ယူနိုက်တက်၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့က သူ့ကို ခေါ်ယူလိုခဲ့ကြတာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ သူဟာချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပြီး အဆိုပါရွေးချယ်ခဲ့မှုအပေါ် နောင်တရမိကြောင်း အခုတော့ ပြောကြားလိုက်ပါတယ်။
"၂၀၀၁ ခုနှစ်မှာ ကျွန်တော့်ကို အင်္ဂလန်သို့ ပြန်ခေါ်ဖို့ အသင်းတော်တော်များများက စိတ်ဝင်စားခဲ့ကြတာပါ။ အာဆင်နယ်ရော ယူနိုက်တက်ကပါ ချဉ်းကပ်ခဲ့ကြတာပါ"
"ကျွန်တော်က အာဆင်နဲ့စကားပြောခဲ့ပါတယ်။ သူက ကျွန်တော့်ကို ပြန်ခေါ်ယူချင်ခဲ့တာပါ။ ဒါပေမဲ့ သူနဲ့ကျွန်တော်က ရိုးရိုးသားသားပါပဲ။ ပြန်ခေါ်ယူချင်တာကို သဘောကျမိပေမဲ့ လွန်ခဲ့တဲ့ ၁ နှစ် ဘာစီလိုနာနဲ့ စာချုပ်ချုပ်တုန်းက ကျွန်တော့်ကို အသင်းမှာဆက်မရှိနေစေချင်ဘူးလို့ ထင်မိပါတယ်"
"ဒါဟာ တစ်စုံတစ်ယောက်နဲ့ လမ်းခွဲလိုက်သလိုပါပဲ။ သူတို့က အလိုမရှိတော့တဲ့အခါ ဘယ်လိုပြန်သွားရမှာလဲ"
"ဖာဂူဆန်က ကျွန်တော့်ကို ၂ ကြိမ်အထိ ခေါ်ခဲ့တာကြောင့် ကျွန်တော်ဟာ ယူနိုက်တက်သို့ ပြောင်းရွှေခဲ့သင့်တာပါ။ ကျွန်တော်တို့က စကားတွေပြောခဲ့ကြသော်လည်း ကျွန်တော်က ဇနီးသည်ရဲ့ စကားကိုနားထောင်ခဲ့တာဖြစ်ပါတယ်"
"သူက လန်ဒန်သို့သာ ပြန်ချင်ပြီး မန်ချက်စတာမှာ မနေလိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ တစ်နှစ်အတွင်း တူညီတဲ့အမှားကို၂ ကြိမ် ကျူးလွန်ခဲ့တာဖြစ်ပါတယ်" လို့ ပီတစ်က ပြောပါတယ်။
အဆိုပါနှစ်တွေမှာ ယူနိုက်တက်နှင့် အာဆင်နယ်တို့ ၂သင်းစလုံးဟာ ဆုဖလားများစွာရရျိခဲ့ပြီး ၂၀၀၄ခုနှစ် ကစားသမားဘဝက အနားမယူမီ ပီတစ်ကတော့ မည်သည့်ဆုဖလားကိုမှ မရရှိခဲ့ပါဘူး။
#ချဲလ်ဆီး #အာဆင်နယ် #ပီတစ် #ပရီးမီးယားလိဂ်