ရှေ့သို့
Image

ပီအက်စ်ဗွီကနေ ရုတ်တရက်ထွက်လာခဲ့ရတဲ့အပေါ် နှုတ်ဆိတ်နေတဲ့ ယူနိုက်တက်ကစားသမားဟောာင်း နစ္စတယ်ရွိုင်း

1:54 PM, 28 May

Eredivisie တွင် ၁ ပွဲကစားဖို့ကျန်ရှိနေတဲ့အချိန် ဗုဒ္ဓဟူးနေ့မှာတော့ နစ္စတယ်ရွိုင်းဟာ ပီအက်စ်ဗွီကနေ ထွက်ခွာခဲ့ပြီ သူ့ရဲ့ဇာတိနယ်သာလန်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ အသက် ၄၆ နှစ်အရွယ်နည်းပြဟာ ကလပ်ရဲ့ဘုတ်အဖွဲ့ထံကနေ ထောက်ပံ့မှုမရှိဘူးလို့ ခံစားနေရတာကြောင့် နှုတ်ထွက်ခဲ့ရတာဖြစ်ကြောင်း ကလပ်ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


ယူနိုက်တက်တိုက်စစ်မှုးဟောင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက နည်းပြဘဝကို ပီအက်စ်ဗွီလူငယ်အသင်းနှင့်အတူစတင်ခဲ့ပြီး ၂၀၂၂ခုနှစ် မတ်လမှာ အသင်းကြီးကို တိုးမြှင့်ကိုင်တွယ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။


ပထမဆုံးရာသီပြည့်တွင် နစ္စတယ်ရွိုင်းရဲ့အသင်းဟာ နယ်သာလန်ဖလား၊ စူပါဖလားတို့ကို ရရှိခဲ့ပြီး နောက်ဆုံးပွဲမှာ ၁ မှတ်ရရှိရုံဖွင့် ပြိုင်ဘက် အေဂျက်စ်ရဲ့ရှေ့ အဆင့် ၂‌ နေရာတွင် ရပ်တည်နိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ပီအက်စ်ဗွီဟာ အဆင့် ၁နေရာက ဖီယင်နုနဲ့ ၁၀ မှတ်ကွာဟနေပါတယ်။


နစ္စတယ်ရွိုင်းဟာ ပီအက်စ်ဗွီကနေ ဆိုးရွားတဲ့ စည်းမျဉ်းတွေနဲ့အတူ ထွက်ခွာခဲ့ပုံရပြီး အသင်းကနေထွက်ခွာခဲ့မှုအပေါ် နှုတ်ဆိတ်နေချိန်တွင် ချီးကျူးမှုအပြည့်အဝလုပ်ခဲ့တာဖြစ်ပါတယ်။


"ဗီအက်စ်ဗွီနဲ့အတူ ၁၀ နှစ်လောက်ရှိခဲ့ရတာက အရမ်းကိုကောင်းတဲ့အချိန်ပါ။ ကျွန်တော်က အကယ်ဒမီမှာ အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ လူငယ်ကစားသမားတွေကို ဂျောင် ပီအက်စ်ဗွီ၊ ပီအက်စ်ဗွီ ၁ နှင့် အခြားသောကလပ်တွေမှာ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ကစားနိုင်အောင် ကူညီခွင့်ရရှိခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ ကစားသမားတွေရဲ့ ဥရောပရှိ အဓိကကျတဲ့လိဂ်မှာ ကစားနေတာကို ကျွန်တော် ဂုဏ်ယူစွာ တွေ့မြင်နေရပါပြီ"


"လက်ထောက်နည်းပြ ၊ တိုက်စစ်မှုးနည်းပြအဖြစ် ၅ နှစ်တာ အတွေ့အကြုံရရှိခဲ့ပြီး ယူ ၁၉ တွင် နည်းပြချုပ်အဖြစ် ၃ နှစ် ဂျောင် ပီအက်စ်ဗွီမှာ နည်းပြချုပ်အဖြစ် ၁ နှစ် လုပ်ကိုင်ခွင့်ရခဲ့ပါတယ်" 


"နောက်ပိုင်းမှာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြချုပ်ဖြစ်လာခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ပရိသတ်တွေနဲ့အတူ အံ့ဩဖွယ်ကောင်းတဲ့ ဆုဖလားတွေရရှိခဲ့ပါတယ်"


"ကျွန်တော်တို့ ဘယ်မှာပဲ ကစားကစား အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပီအက်စ်ဗွီက ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေပါတယ်။ ကလပ်နဲ့အသင်းကို အမြဲတမ်းအားပေးနေမှာပါ" လို့ နစ္စတယ်ရွိုင်းက ပြောပါတယ်။


အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၅၁ ပွဲအတွင်း နစ္စတယ်ရွိုင်းဟာ ၃၃ ပွဲအနိုင်ရရှိခဲ့ပြီး ၈ ပွဲသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် သွင်းဂိုးပေါင်းလည်းက ၁၂၆ ဂိုးအထိရှိခဲ့ပါတယ်။


သူဟာ ရီးရဲလ်မက်ဒရစ်၊ တော့တင်ဟမ်၊ ဆဲလ်တစ်နှင့် အင်တာမိုင်ယာမီတို့အပါအဝင် အခြားနည်းပြရာထူးတွေအတွက် ချိတ်ဆက်မှုများရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပီအက်စ်ဗွီ #နစ္စတယ်ရွိုင်း