ရှေ့သို့
Image

ယနေ့ည ၁၀း၀၀မှာ ကစားမယ့် လိဒ်စ်ယူနိုက်တက် - တော့တင်ဟမ် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

11:53 AM, 28 May

လိဒ်စ်ယူနိုက်တက် ဒဏ်ရာရလူစာရင်း - တိုင်လာအဒမ်၊ ဒဲလက်စ်၊ ဆင်နစ္စတီယာ(သေချာပေါက်လွဲ)၊ ရိုဒရီ၊ ဘမ်ဖို့ဒ်(မသေချာ)

တော့တင်ဟမ် ဒဏ်ရာရလူစာရင်း - ဘန်တန်ကာ၊ လိုရစ်၊ ဆက်ဆီနွန်၊ ဒိုင်ယာ(သေချာပေါက်လွဲ)၊ ရိုမဲရိုး၊ ဟိုဂျက်(မသေချာ)


အိမ်ရှင် လိဒ်စ်ယူနိုက်တက်အသင်း အခြေအနေ

=====================

လိဒ်စ်အတွက် သေရေးရှင်ရေးတစ်မျှအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီး တန်းဆင်းဇုန်ဆရာကြီး ဆမ်အလာဒွိုက်စ် ဘာလုပ်ပြမလဲဆိုတာ စောင့်ကြည့်ရမယ့်ပွဲစဉ်လည်း ဖြစ်နေပါတယ်။


ဧည့်သည်ု တော့တင်ဟမ်အသင်း အခြေအနေ

============================

တော့တင်ဟမ်ကလည်း ကွန်းဖရန့်လိဂ်ဝင်ခွင့်တောင် မသေချာတော့တဲ့အဆင့်ရောက်သွားတာကြောင့် ယနေ့ည အရှက်မကွဲဖို့အတွက် သေချာပြင်ဆင်လာဖို့ ရှိနေပါတယ်။


ထူးခြားချက်များ

============

မရှိ


ခန့်မှန်းချက် 

==========

လိဒ်စ်အသင်းဟာ ယနေ့ည မဖြစ်မနေနိုင်ပွဲရဖို့လိုနေသလို တစ်ဖက်က အဲဗာတန်ရဲ့ရလဒ်ကိုလည်း စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။ တော့တင်ဟမ်အသင်းဟာ လိဂ် နောက်ဆုံး၇ပွဲမှာ ၁ပွဲသာနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်ကိုလည်း ရှုံးခဲ့တာကြောင့် ဥရောပဝင်ခွင့်တောင် မသေချာတော့တဲ့ အခြေအနေဖြစ်သွားပါတယ်။ နှစ်သင်းလုံးရည်မှန်းချက်ကိုယ်စီနဲ့ အပြိုင်ဆိုင်ကြိုးစားရုန်းကန်မယ့် အခြေအနေမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ပါတယ်။

.

လိဒ်စ် - တော့တင်ဟမ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------

တော့တင်ဟမ် ၄ - ၃ လိဒ်စ် (၁၂-နိုဝင်ဘာ-၂၀၂၂)

လိဒ်စ် ၀ - ၄ တော့တင်ဟမ် (၂၆-ဖေဖော်ဝါရီ-၂၀၂၂)

တော့တင်ဟမ် ၂ - ၁ လိဒ်စ် (၂၁-နိုဝင်ဘာ-၂၀၂၁)

လိဒ်စ် ၃ - ၁ တော့တင်ဟမ် (၈-မေ-၂၀၂၁)

တော့တင်ဟမ် ၃ - ၀ လိဒ်စ် (၂-ဇန်နဝါရီ-၂၀၂၁)

.

လိဒ်စ် နောက်ဆုံး (၅) ပွဲရလဒ်

---------------------------

ဝက်စ်ဟမ်း ၃ - ၁ လိဒ်စ် (၂၁-မေ-၂၀၂၃)

လိဒ်စ် ၂ - ၂ နယူးကာဆယ် (၁၃-မေ-၂၀၂၃)

မန်စီးတီး ၂ - ၁ လိဒ်စ် (၆-မေ-၂၀၂၃)

ဘုန်းမောက် ၄ - ၁ လိဒ်စ် (၃၀-ဧပြီ-၂၀၂၃)

လိဒ်စ် ၁ - ၁ လက်စတာ (၂၆-ဧပြီ-၂၀၂၃)

.

တော့တင်ဟမ် နောက်ဆုံး (၅) ပွဲရလဒ်

-------------------------------

တော့တင်ဟမ် ၁ - ၃  ဘရန့်ဖို့ဒ် (၂၀-မေ-၂၀၂၃)

အက်စတွန်ဗီလာ ၂ - ၁ တော့တင်ဟမ် (၁၃-မေ-၂၀၂၃)

တော့တင်ဟမ် ၁ - ၀ ပဲလေ့စ် (၆-မေ-၂၀၂၃)

လီဗာပူး ၄ - ၃ တော့တင်ဟမ် (၃၀-ဧပြီ-၂၀၂၃)

တော့တင်ဟမ် ၂ - ၂ ယူနိုက်တက် (၂၈-ဧပြီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #တော့တင်ဟမ် #လိဒ်စ်ယူနိုက်တက် #ပရီးမီးယားလိဂ်