ရှေ့သို့
Image

ယနေ့ည ၁၀း၀၀မှာ ကစားမယ့် အဲဗာတန် - ဘုန်းမောက် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

11:40 AM, 28 May

အဲဗာတန် ဒဏ်ရာရလူစာရင်း - တောင်ဆန်၊ ကိုးလ်မန်း၊ ဗီနာဂရီ၊ အယ်လီ၊ ကယ်ဗက်လီဝင်၊ ပတ်တာဆန်(သေချာပေါက်လွဲ)၊ မိုင်ကိုလန်ကို ၊ ဂေါ့ဖရေး၊ တွမ်ဒေးဗီးစ်၊ ကိုအာဒီ(မသေချာ)

ဘုန်းမောက် ဒဏ်ရာရလူစာရင်း - ဖရက်ဒရစ်၊ စတာနီစလက်စ်၊ တာဗာနီယာ၊ ဆီမီညို၊ ရော့သ်ဝဲလ်(သေချာပေါက်လွဲ)၊ ထရာအိုရေး၊ ဘေးလင်း(မသေချာ)


အိမ်ရှင် အဲဗာတန်အသင်း အခြေအနေ

=====================

အဲဗာတန်အတွက် ယခုနှစ်ရာသီ အရေးကြီးဆုံးပွဲစဉ်ဖြစ်ပေမယ့် အိမ်ကွင်းပွဲစဉ်ဖြစ်နေတာကတော့ ကံကောင်းတယ်လို့ ပြောရမှာပါ။


ဧည့်သည်ု ဘုန်းမောက်အသင်း အခြေအနေ

============================

ဘုန်းမောက်က ရာသီကုန်ပွဲစဉ်တွေကို သာမန်လောက်သာ ကစားနေပြီး ယနေ့ည အဝေးကွင်းပွဲစဉ်လည်း ဖြစ်တာကြောင့် အရမ်းကြီးအားထုတ်ဖွယ်မရှိပါဘူး။


ထူးခြားချက်များ

============

ဘုန်းမောက်အသင်းဟာ အဲဗာတန်ကို ပြိုင်ပွဲစုံ နောက်ဆုံးလေးပွဲဆက် နိုင်ထားပါတယ်။


ခန့်မှန်းချက် 

==========

အဲဗာတန်အသင်းအနေနဲ့ နိုင်ပွဲရရင် တန်းတင်ကျန်ရစ်မှာဖြစ်ပေမယ့် တစ်ဖက်က လိဒ်စ်နဲ့ လက်စတာတို့ရဲ့ရလဒ်တွေအတိုင်း ကစားနိုင်ရင်လည်း တန်းတင်ကျန်ရစ်မှာ ဖြစ်ပါတယ်။ ဘုန်းမောက်က တန်းမဆင်းမရတာ သေချာပြီးနောက် သုံးပွဲဆက် ရှုံးထားကာ လာမယ့်ရာသီအတွက်သာ ပြင်ဆင်ဖို့ ကြိုးစားနေပါတယ်။ အဲဗာတန်တို့ အိမ်ကွင်း လေးပွဲဆက် နိုင်ပွဲပျောက်ထားပေမယ့် ဘုန်းမောက်ရဲ့ ဖိအားမရှိမှုကြောင့် နိုင်ပွဲပြန်ရပြီး တန်းတင်ကျန်ရစ်ဖို့များပါတယ်။

.

အဲဗာတန် - ဘုန်းမောက် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------

ဘုန်းမောက် ၃ - ၀ အဲဗာတန် (၁၂-နိုဝင်ဘာ-၂၀၂၂)

ဘုန်းမောက် ၄ - ၁ အဲဗာတန် (၉-နိုဝင်ဘာ-၂၀၂၂)

အဲဗာတန် ၁ - ၃ ဘုန်းမောက် (၂၆-ဇူလိုင်-၂၀၂၀)

ဘုန်းမောက် ၃ - ၁ အဲဗာတန် (၁၅-စက်တင်ဘာ-၂၀၁၉)

အဲဗာတန် ၂ - ၀ ဘုန်းမောက် (၁၃-ဇန်နဝါရီ-၂၀၁၉)

.

အဲဗာတန် နောက်ဆုံး (၅) ပွဲရလဒ်

----------------------------

ဝုဗ် ၁ - ၁ အဲဗာတန် (၂၀-မေ-၂၀၂၃)

အဲဗာတန် ၀ - ၃ မန်စီးတီး (၁၄-မေ-၂၀၂၃)

ဘရိုက်တန် ၁ - ၅ အဲဗာတန် (၈-မေ-၂၀၂၃)

လက်စတာ ၂ - ၂ အဲဗာတန် (၂-မေ-၂၀၂၃)

အဲဗာတန် ၁ - ၄ နယူးကာဆယ် (၂၈-ဧပြီ-၂၀၂၃)

.

ဘုန်းမောက် နောက်ဆုံး (၅) ပွဲရလဒ်

---------------------------------

ဘုန်းမောက် ၀ - ၁ ယူနိုက်တက် (၂၀-မေ-၂၀၂၃)

ပဲလေ့စ် ၂ - ၀ ဘုန်းမောက် (၁၃-မေ-၂၀၂၃)

ဘုန်းမောက် ၁ - ၃ ချဲလ်ဆီး (၆-မေ-၂၀၂၃)

ဘုန်းမောက် ၄ - ၁ လိဒ်စ် (၃၀-ဧပြီ-၂၀၂၃)

ဆောက်သမ်တန် ၀ - ၁ ဘုန်းမောက် (၂၈-ဧပြီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #အဲဗာတန် #ဘုန်းမောက်လ် #ပရီးမီးယားလိဂ်