ရှေ့သို့
Image

ယနေ့ည ၁၀း၀၀မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ် - နော်တင်ဟမ်ဖောရက်စ် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

8:40 AM, 28 May

ခရစ္စတယ်ပဲလေ့စ် ဒဏ်ရာရလူစာရင်း - ဖာဂူဆန်၊ တွမ်ကင်းစ်၊ ဇာဟာ၊ မီလီဗိုဂျီဗစ်၊ ရှလပ်(သေချာပေါက်လွဲ)

နော်တင်ဟမ်ဖောရက်စ် ဒဏ်ရာရလူစာရင်း - ဘရီယန်ကွန်၊ ခရစ္စဝုဒ်၊ နီကိုဝီလျံ၊ ၊  ရစ်ချက်စ်၊ ဒင်းဟန်ဒါဆန်၊ မက္ကန်နာ(သေချာပေါက်လွဲ)၊ စကာပါ၊ ကိုးဘတ်၊ ရှယ်ဗေး၊ လင်ဂတ်၊ ဒန်နီလို၊ လင်ဂတ်(မသေချာ)


အိမ်ရှင် ခရစ္စတယ်ပဲလေ့စ်အသင်း အခြေအနေ

=====================

ပဲလေ့စ်က ရွိုင်းဟော့ဒ်ဆန်လက်ထက် အထူးတိုးတက်လာတဲ့အသင်းဖြစ်ပြီး အိမ်ကွင်း နောက်ဆုံး ၄ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့သလို ၃ပွဲအနိုင်ရအောင် ကစားပြထားခဲ့ပါတယ်။


ဧည့်သည်ု နော်တင်ဟမ်ဖောရက်စ်အသင်း အခြေအနေ

============================

ဖောရက်စ်က တန်းဆင်းဇုန်က လွတ်သွားခဲ့ပြီဖြစ်ပြီး အဓိကအားဖြင့် အိမ်ကွင်းစွမ်းဆောင်ရည်က တန်းတင်ကျန်ရစ်ဖို့ အထူးအရေးပါခဲ့ပါတယ်။


ထူးခြားချက်များ

============

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို ပြိုင်ပွဲစုံ နောက်ဆုံး၁၁ပွဲမှာ ၁၀ပွဲ မရှုံးအောင် ကစားထားပါတယ်။


ခန့်မှန်းချက် 

==========

ပဲလေ့စ်အသင်းဟာ အဆင့်၁၁နေရာနဲ့အဆုံးသတ်ဖို့အတွက် ယနေ့ညပွဲကို အနိုင်ကန်ထားဖို့ လိုအပ်နေပါသေးတယ်။ ဖောရက်စ်ကတော့ အဝေးကွင်းညံ့သလို ဖိအားလည်းမရှိတော့တာကြောင့် ယနေ့ညပွဲမှာ သိက္ခာပိုင်းအတွက်သာ ကစားလာနိုင်ပါတယ်။ ဖောရက်စ်ရဲ့အဝေးကွင်းညံ့မှုကြောင့် အိမ်ကွင်းမှာ ပဲလေ့စ်ပဲ အနိုင်နဲ့ပိတ်သိမ်းသွားဖို့များပါတယ်။

.

ပဲလေ့စ် - နော်တင်ဟမ်ဖောရက်စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------

နော်တင်ဟမ်ဖောရက်စ် ၁ - ၀ ပဲလေ့စ် (၁၂-နိုဝင်ဘာ-၂၀၂၂)

နော်တင်ဟမ်ဖောရက်စ် ၂ - ၂ ပဲလေ့စ် (၂၉-ဒီဇင်ဘာ-၂၀၁၂)

ပဲလေ့စ် ၁ - ၁ နော်တင်ဟမ်ဖောရက်စ် (၁၉-စက်တင်ဘာ-၂၀၁၂)

ပဲလေ့စ် ၀ - ၃ နော်တင်ဟမ်ဖောရက်စ် (၃၁-မတ်-၂၀၁၂)

နော်တင်ဟမ်ဖောရက်စ် ၀ - ၁ ပဲလေ့စ် (၁၀-ဒီဇင်ဘာ-၂၀၁၁)

.

ပဲလေ့စ် နောက်ဆုံး (၅) ပွဲရလဒ်

---------------------------

ဖူလ်ဟမ် ၂ - ၂ ပဲလေ့စ် (၂၀-မေ-၂၀၂၃)

ပဲလေ့စ် ၂ - ၀ ဘုန်းမောက် (၁၃-မေ-၂၀၂၃)

တော့တင်ဟမ် ၁ - ၀ ပဲလေ့စ် (၆-မေ-၂၀၂၃)

ပဲလေ့စ် ၄ - ၃ ဝက်စ်ဟမ်း (၂၉-ဧပြီ-၂၀၂၃)

ဝုဗ် ၂ - ၀ ပဲလေ့စ် (၂၆-ဧပြီ-၂၀၂၃)

.

နော်တင်ဟမ်ဖောရက်စ် နောက်ဆုံး (၅) ပွဲရလဒ်

------------------------------------------

နော်တင်ဟမ်ဖောရက်စ် ၁ - ၀ အာဆင်နယ် (၂၀-မေ-၂၀၂၃)

ချဲလ်ဆီး ၂ - ၂ နော်တင်ဟမ်ဖောရက်စ် (၁၃-မေ-၂၀၂၃)

နော်တင်ဟမ်ဖောရက်စ် ၄ - ၃ ဆောက်သမ်တန် (၉-မေ-၂၀၂၃)

ဘရန့်ဖို့ဒ် ၂ - ၁ နော်တင်ဟမ်ဖောရက်စ် (၂၉-ဧပြီ-၂၀၂၃)

နော်တင်ဟမ်ဖောရက်စ် ၃ - ၁ ဘရိုက်တန် (၂၇-ဧပြီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #ခရစ္စတယ်ပဲလေ့စ် #နော်တင်ဟမ်ဖောရက်စ် #ပရီးမီးယားလိဂ်