ရှေ့သို့
Image

ယနေ့ည ၁၀း၀၀မှာ ကစားမယ့် ချဲလ်ဆီး - နယူးကာဆယ် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

8:30 AM, 28 May

ချဲလ်ဆီး ဒဏ်ရာရလူစာရင်း - စတာလင်၊ ဘရိုဂျာ၊ ဘာဒီယာရှီလီ၊ ကန်တီ၊ မေဆင်မောင့်၊ ကူကူရယ်လာ၊ ချီဝဲလ်(သေချာပေါက်လွဲ)၊ ကိုဗာဆစ်(မသေချာ)

နယူးကာဆယ် ဒဏ်ရာရလူစာရင်း - နစ်ပုတ်၊ ဂျိုလင်တန်၊ ဝီလ်လော့ခ်၊ ခရက်ဖ်၊ လက်ဆဲလက်စ်၊ ရစ်ချီ၊ ဖရောဆ(သေချာပေါက်လွဲ)


အိမ်ရှင် ချဲလ်ဆီးအသင်း အခြေအနေ

=====================

ချဲလ်ဆီးကတော့ ရာသီကုန်မှာ အသင်းတိုင်းကို အမှတ်အလှူပေးနေပြီး ယနေ့ညမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ နယူးကာဆယ်ကို ယှဉ်ကစားဖို့ တော်တော်လေးခက်ဖွယ်ရှိနေပါတယ်။


ဧည့်သည် နယူးကာဆယ်အသင်း အခြေအနေ

============================

နယူးကာဆယ်က လက်စတာကို သရေတစ်မှတ်ပေးပြီးတဲ့နောက် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီဖြစ်တာကြောင့် ယနေ့ညပွဲကို ဖိအားကင်းကင်းနဲ့ ယှဉ်ပြိုင်လာနိုင်ပါတယ်။


ထူးခြားချက်များ

============

ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်ကို ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး၁၀ပွဲဆက် နိုင်ထားပါတယ်။


ခန့်မှန်းချက် 

==========

ချဲလ်ဆီးက လိဂ်နောက်ဆုံး၁၁ပွဲမှာ တစ်ပွဲသာနိုင်ခဲ့သလို ယူနိုက်တက်နဲ့ပွဲမှာလည်း ဘာမှမလုပ်ပြနိုင်ဘဲ ဂိုးပြတ်ရှုံးခဲ့ပါတယ်။ နယူးကာဆယ်က တိုက်စစ်ပိုင်းခြေတက်နေပေမယ့် ယနေ့ညပွဲက သိပ်အရေးမပါတော့တဲ့ အခြေအနေမှာ လူချန်ကစားလာနိုင်ပါတယ်။ အစဉ်အလာအရ ချဲလ်ဆီးသာတယ်ဆိုပေမယ့် လက်ရှိခြေစွမ်းက အတော်လေးဆိုးနေလို့ နယူးကာဆယ် အဝေးကွင်းမှာ သရေတစ်မှတ်လောက်တော့ရသွားနိုင်ပါတယ်။

.

ချဲလ်ဆီး - နယူးကာဆယ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

--------------------------------------------------------------

နယူးကာဆယ် ၁ - ၀ ချဲလ်ဆီး (၁၃-နိုဝင်ဘာ-၂၀၂၂)

ချဲလ်ဆီး ၁ - ၀ နယူးကာဆယ် (၁၃-မတ်-၂၀၂၂)

နယူးကာဆယ် ၀ - ၃ ချဲလ်ဆီး (၃၀-အောက်တိုဘာ-၂၀၂၁)

ချဲလ်ဆီး ၂ - ၀ နယူးကာဆယ် (၁၆-ဖေဖော်ဝါရီ-၂၀၂၁)

နယူးကာဆယ် ၀ - ၂ ချဲလ်ဆီး (၂၁-နိုဝင်ဘာ-၂၀၂၀)

.

ချဲလ်ဆီး နောက်ဆုံး (၅) ပွဲရလဒ်

---------------------------------

မန်စီးတီး ၁ - ၀ ချဲလ်ဆီး (၂၁-မေ-၂၀၂၃)

ချဲလ်ဆီး ၂ - ၂ နော်တင်ဟမ်ဖောရက်စ် (၁၃-မေ-၂၀၂၃)

ဘုန်းမောက် ၁ - ၃ ချဲလ်ဆီး (၆-မေ-၂၀၂၃)

အာဆင်နယ် ၃ - ၁ ချဲလ်ဆီး (၃-မေ-၂၀၂၃)

ချဲလ်ဆီး ၀ - ၂ ဘရန့်ဖို့ဒ် (၂၇-ဧပြီ-၂၀၂၃)

.

နယူးကာဆယ် နောက်ဆုံး (၅) ပွဲရလဒ်

-----------------------------------

နယူးကာဆယ် ၀ - ၀ လက်စတာ (၂၃-မေ-၂၀၂၃)

နယူးကာဆယ် ၄ - ၁ ဘရိုက်တန် (၁၉-မေ-၂၀၂၃)

လိဒ်စ် ၂ - ၂ နယူးကာဆယ် (၁၃-မေ-၂၀၂၃)

နယူးကာဆယ် ၀ - ၂ အာဆင်နယ် (၇-မေ-၂၀၂၃)

နယူးကာဆယ် ၃ - ၁ ဆောက်သမ်တန် (၃၀-ဧပြီ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #ချဲလ်ဆီး #နယူးကာဆယ် #ပရီးမီးယားလိဂ်