ရှေ့သို့
Image

ယနေ့ည ၁၀း၀၀မှာ ကစားမယ့် ဘရန့်ဖို့ဒ် - မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

8:20 AM, 28 May

ဘရန့်ဖို့ဒ် ဒဏ်ရာရလူစာရင်း - လူးဝစ်-ပေါ်တာ၊ ယန်ဆန် နော်ဂတ်(သေချာပေါက်လွဲ)၊ တိုနေး(ပွဲပယ်)

မန်စီးတီး ဒဏ်ရာရလူစာရင်း - ဖိုဒန်၊ အကီ(မသေချာ)


အိမ်ရှင် ဘရန့်ဖို့ဒ်အသင်း အခြေအနေ

=====================

ဘရန့်ဖို့ဒ်က တိုနေးမရှိတာတောင် တိုက်စစ်ကဂိုးတွေရနေပြီး လိဂ်နောက်ဆုံး၅ပွဲမှာ ၄ပွဲနိုင်ခဲ့ပါတယ်။


ဧည့်သည်ု မန်စီးတီးအသင်း အခြေအနေ

============================

မန်စီးတီးက ဗိုလ်လုပွဲနှစ်ပွဲကျန်နေသေးတာကြောင့် ကစားသမားတွေ ဒဏ်ရာမရအောင် ဦးစားပေးကစားနေကာ လူငယ်ကစားသမားတွေကို နေရာပေးနေခဲ့ပါတယ်။


ထူးခြားချက်များ

============

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး၁၆ပွဲဆက် မရှုံးအောင် ကစားထားပါတယ်။


ခန့်မှန်းချက် 

==========

ဘရန့်ဖို့ဒ်က တော့တင်ဟမ်နဲ့ပွဲမှာ comebackနဲ့ ပြန်လာနိုင်ခဲ့ပြီး အနိုင်ရခဲ့သလို တိုနေးမရှိချိန် အမ်ဘွေမိုက အထူးခြေစွမ်းပြနေပါတယ်။ မန်စီးတီးက ဖလားရပြီးသွားတဲ့အခြေအနေမှာ အေးအေးဆေးဆေးပဲ ကစားနေပြီး ဘရိုက်တန်ကိုလည်း သရေလောက်ပဲ ကစားခဲ့တာ မြင်ရပါမယ်။ ဒီပွဲမှာလည်း မန်စီးတီးရဲ့ အကျောပေးမှုပျော့နေတဲ့ အခြေအနေမှာ ဘရန့်ဖို့ဒ်အသင်း သရေလောက်တော့ရသွားနိုင်ပါတယ်။

.

ဘရန့်ဖို့ဒ် - မန်စီးတီး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၃) ကြိမ်

--------------------------------------------------------------

မန်စီးတီး ၁ - ၂ ဘရန့်ဖို့ဒ် (၁၂-နိုဝင်ဘာ-၂၀၂၂)

မန်စီးတီး ၂ - ၀ ဘရန့်ဖို့ဒ် (၁၀-ဖေဖော်ဝါရီ-၂၀၂၂)

ဘရန့်ဖို့ဒ် ၀ - ၁ မန်စီးတီး (၃၀-ဒီဇင်ဘာ-၂၀၂၁)

.

ဘရန့်ဖို့ဒ် နောက်ဆုံး (၅) ပွဲရလဒ်

----------------------------------

တော့တင်ဟမ် ၁ - ၃ ဘရန့်ဖို့ဒ် (၂၀-မေ-၂၀၂၃)

ဘရန့်ဖို့ဒ် ၂ - ၀ ဝက်စ်ဟမ်း (၁၄-မေ-၂၀၂၃)

လီဗာပူး ၁ - ၀ ဘရန့်ဖို့ဒ် (၆-မေ-၂၀၂၃)

ဘရန့်ဖို့ဒ် ၂ - ၁ နော်တင်ဟမ်ဖောရက်စ် (၂၉-ဧပြီ-၂၀၂၃)

ချဲလ်ဆီး ၀ - ၂ ဘရန့်ဖို့ဒ် (၂၇-ဧပြီ-၂၀၂၃)

.

မန်စီးတီး နောက်ဆုံး (၅) ပွဲရလဒ်

--------------------------------

ဘရိုက်တန် ၁ - ၁ မန်စီးတီး (၂၅-မေ-၂၀၂၃)

မန်စီးတီး ၁ - ၀ ချဲလ်ဆီး (၂၁-မေ-၂၀၂၃)

မန်စီးတီး ၄ - ၀ ရီးရဲလ်မက်ဒရစ် (၁၈-မေ-၂၀၂၃)

အဲဗာတန် ၀ - ၃ မန်စီးတီး (၁၄-မေ-၂၀၂၃)

ရီးရဲလ်မက်ဒရစ် ၁ - ၁ မန်စီးတီး (၁၀-မေ-၂၀၂၃)


#မန်စီးတီး #ပွဲကြိုသုံးသပ်ချက် #ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ်