ရှေ့သို့
Image

ဆောက်သမ်တန်စတားကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ချဲလ်ဆီးနဲ့ လီဗာပူး

11:12 AM, 27 May

သတင်းတွေအရ ချဲလ်ဆီးနဲ့ လီဗာပူးတို့ဟာ ဆောက်သမ်တန်ကွင်းလယ်လူ လီဗီယာကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက စီးတီးကနေ ဆောက်သမ်တန်ကို ပေါင် ၁၄ သန်းနဲ့ ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းက တန်းဆင်းခဲ့ရပေမယ့် လီဗီယာက အသင်းမှာ တောက်ပခဲ့တာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကောင်းတွေကြောင့် လီဗီယာတစ်ယောက် အခုနှစ်အစောပိုင်းတုန်းက ဘယ်လ်ဂျီယံအသင်းအတွက် ပထမဆုံးပါဝင်ခွင့်ရခဲ့ပါတယ်။

ယူရို ၂၀၂၄ ရှိနေတာကြောင့် လီဗီယာတစ်ယောက် ချန်ပီယံရှစ်မှာ ကစားဖွယ်မရှိပဲ အသင်းပြောင်းဖို့ ပြင်ဆင်နေပါတယ်။ တိုင်းမ်စ်သတင်းဌာနကတေ့ ဆောက်သမ်တန်ဟာ သူတို့စတားအတွက် ပေါင်သန်း ၄၀ ရရင် လက်လွှတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးနဲ့ လီဗာပူးတို့က သူ့ကိုခေါ်ယူချင်နေပေမယ့် စီးတီးက ပြန်လည်ခေါ်ယူခွင့်ထည့်သွင်းထားတာကြောင့် ခေါ်ယူနိုင်ဖို့ အလားအလာများနေပါတယ်။

ကလော့ပ်ကတော့ အသင်းမှာ မီလ်နာနဲ့ ချိန်ဘာလိန်တို့မရှိတော့တာကြောင့် ကွင်းလယ်ကို အားဖြည့်ချင်နေပြီး ချဲလ်ဆီးကလည်း ခေါ်ယူချင်နေပါတယ်။ ချဲလ်ဆီးကတော့ ဘရိုက်တန်နဲ့ ပွဲမှာကတည်းက လီဗီယာကို စောင့်ကြည့်ဖို့ ကင်းထောက်တွေစေလွှတ်ထားကာ ပိုချက်တီနိုက အပြီးသတ်ဆုံးဖြတ်မှာဖြစ်ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ဆောက်သမ်တန် #အပြောင်းအရွှေ့ #လီဗီယာ