ရှေ့သို့
Image

လောင်းကစားဆိုင်ရာ စည်းမျည်းချိုးဖောက်ခဲ့တာကြောင့် ၈ လ ပွဲပယ်ခံရမယ့်အပေါ် တိုနေး ထုတ်ဖော်ပြောကြား

10:32 AM, 27 May

လောင်းကစားဆိုင်ရာစည်းမျည်းချိုးဖောက်ခဲ့ပြီးနောက် တိုနေးတစ်ယောက် အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၇ နှစ်သားဟာ လောင်းကစားဆိုင်ရာစည်းမျည်းချိုးဖောက်ခဲ့တာကြောင့် ၈ လ ပွဲပယ်ခံရတော့မှာဖြစ်ပါတယ်။ အခုတော့ တိုနေးတစ်ယောက် လောင်းကစားဆိုင်ရာစည်းမျည်းချိုးဖောက်ခဲ့ကာ သူ့အသင်း ၁၃ ပွဲအရေးနိမ့်မယ်ဆိုတာကို လောင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါသတင်းအပြီးမှာ တိုနေးက တွစ်တာကနေ “မကြာခင်မှာ ငါအကုန်ပြောပြပါ့မယ်”လို့ ရေးသားတင်ခဲ့ပါတယ်။ အက်ဖ်အေကတော့ အင်္ဂလန်သားရဲ့ပြစ်မှုအတွက် မကြာခင်မှာ ကြေညာထုတ်ပြန်မှာဖြစ်ပြီး ဝီဂန်မှာ အငှားကစားတုန်းက နဲ့ နယူးကာဆယ်အသင်းမှာကစားခဲ့တုန်းက လောင်းခဲ့သေးတာဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ တိုနေးက သူ့အသင်းအတွက် ၁၃ ပွဲမှာ မိခင်အတွက် ၁၁ ပွဲကို နယူးကာဆယ် နဲ့ ၂ ပွဲကို ဝီဂန်အတွက် ၂၀၁၇ သြဂုတ်လကနေ ၂၀၁၈ မတ်လအထိ လောင်းခဲ့ပါတယ်။ နောက်တစ်ခုက ၂၀၁၈ မတ်လမှာ သူ့နောက်ကလပ်ပွဲအတွက် သူငယ်ချင်းတစ်ဦးကို အသိပေးခဲ့ပါတယ်။ လောင်းကစားစွပ်စွဲမှုအတွက် အက်ဖ်အေက မေးမြန်းချိန်မှာ မှားယွင်းပြောကြားခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ မတူညီတဲ့ပွဲ ၉ ပွဲအတွက် ကိုယ်တိုင်ဂိုးသွင်းဖို့ လောင်းခဲ့ပါတယ်။ အပြစ်ရှိခြင်းအတွက် ၈ လပွဲပယ်တာကို တောင်းပန်ခဲ့ပါတယ်။

အက်ဖ်အေကတော့ “အဆိုပါ ၂၉ ကြိမ်လောင်းရာမှာ သူ့အသင်းအတွက် ၁၃ ပွဲအထိ လောင်းခဲ့ပါတယ်။ ပြီးတော့ ၂၀၁၇ သြဂုတ် ၂၂ ကနေ ၂၀၁၈ မတ်လ ၃ ရက်နေ့အထိ မတူညီတဲ့ ၇ ပွဲလောက်လောင်းခဲ့ပါတယ်။ တိုနေးတစ်ယောက် အဆိုပါပွဲတွေမှာ သူပါဝင်မကစားခဲ့ရတောင် လောင်းခဲ့တာဖြစ်ပြီး မိခင်ကလပ်အသင်းမှာလည်း လောင်းခဲ့တာဖြစ်ပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်က  ကြေညာချက်က“ဘရန့်ဖို့ဒ်အသင်းက တိုနေးရဲ့ ၈ လပွဲပယ်ပြစ်ဒဏ်အတွက် စာရရှိခဲ့သလို အဲ့တာကို  လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပေးပို့ထားပါတယ်။ ဒါ့အပြင် တိုနေးက FA စည်းမျည်း E8 ကိုချိုးဖောက်ခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပြီး ဆုံးဖြတ်ချက်ကို အက်ဖ်အေရဲ့ဝက်ဘ်ဆိုက်မှာ ချမှတ်မှာဖြစ်ပါတယ်။ ၈ လပွဲပယ်ကြောင့် တိုနေးတစ်ယောက် ဇန်နဝါရီ ၁၆ ရက်နေ့မတိုင်ခင်အထိ ကွင်းထဲခြေချခွင့်ရမှာမဟုတ်သလို စင်တင်ဘာ ၁၇ ရက်နေ့အထိ ဘယ်အသင်းနဲ့မှ လေ့ကျင့်ခန်းဆင်းခွင့်မရှိတာဖြစ်ပါတယ်။ တိုနေးဟာ ၈ လပွဲပယ်အပြင် ဒဏ်ကြေးငွေသား ပေါင် ၅ သောင်းချမှတ်ခံခဲ့ရပါတယ်။ အင်္ဂလန်သားပွဲပယ်ခံရတာနဲ့ပတ်သက်ပြီး ဆောက်ဂိတ်က စိုးရိမ်မိတယ်”လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

#ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ် #တိုနေး