ရှေ့သို့
Image

ယူဂါတီ၊ ဟာနန်ဒက်ဇ်တို့နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့ ပီအက်စ်ဂျီ

9:59 AM, 26 May

သတင်းတွေအရ ပီအက်စ်ဂျီဟာ စပို့တင်းစတား ယူဂါတီနဲ့ ဘိုင်ယန်စတား လူးကပ်စ်ဟာနန်ဒက်ဇ်တို့နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

လီဂူးဝမ်းချန်ပီယံဖြစ်ခဲ့ပေမယ့် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်နဲ့ ပြင်သစ်ဖလားတွေမှာ ထွက်ခွာခဲ့ရပြီး စိတ်ပျက်စရာဖြစ်ခဲ့ကာ အသင်းတာဝန်ရှိသူတွေက လူအင်အားကို ဖြည့်တင်းလိုနေပါတယ်။ ပီအက်စ်ဂျီဟာာ ကွင်းလယ်ပိုင်းကို အားဖြည့်ချင်နေတာဖြစ်ပြီး စပို့တင်းစတား ယူဂါတီကို အလျင်အမြန်ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ယူဂါတီကို ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေပေမယ့် အခုတော့ ပီအက်စ်ဂျီက လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပြီး အခုတော့ စပို့တင်းနဲ့ပြောင်းရွှေ့ကြေး စကားပြောနေပြီဖြစ်ပါတယ်။

အသက် ၂၂ နှစ်သားရဲ့စာချုပ်သက်တမ်းက ယူရိုသန်း ၆၀ ပတ်ဝန်းကျင်လောက်မှာရှိနေပြီး ပီအက်စ်ဂျီက ပေးချေဖို့ အနည်းငယ်စဉ်းစားနေကာ ညှိနှိုင်းနေရဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန် နဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်တော့တဲ့ ဟာနန်ဒက်ဇ်ကိုလည်း သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကာ ဘိုင်ယန်ဘက်ကတော့ သူတို့လိုချင်တဲ့ တန်ကြေးမျိုးမရရင် ကစားသမားကို ဆက်ထိန်းဖို့ ပြင်ဆင်နေပါတယ်။

ဘိုင်ယန်ဘက်က သူတို့စတားအတွက် ယူရိုသန်း ၈၀ လောက်အလိုရှိနေပြီး တကယ်လို့ အဆိုပါတန်ကြေးမျိုးမရရင် လက်လွှတ်ဖွယ်မရှိတာဖြစ်ပါတယ်။ လူးကပ်စ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ၁၃ မိနစ်သာ ကစားခဲ့ရပြီး ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါးအထိ နားခဲ့ရတာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #ဟာနန်ဒက်ဇ် #စပို့တင်း #ယူဂါတီ