ရှေ့သို့
Image

အသင်းက လုံလောက်တဲ့ ထောက်ပံ့မှုမရှိဘူးလို့ ပြောကြားခဲ့ပြီးနောက် ရာထူးကနေ နစ္စတယ်ရွိုင်း နုတ်ထွက်

4:28 PM, 25 May

ပီအက်စ်ဗွီနည်းပြ နစ္စတယ်ရွိုင်းတစ်ယောက် အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပြီးနောက် နစ္စတယ်ရွိုင်းတစ်ယောက် နည်းပြနေရာကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ကလပ်အသင်းရဲ့အဆိုအရ ၂ ဦး ၂ ဖက်ဆွေးနွေးမှုတွေကို ပြုလုပ်ထားပြီးဖြစ်ပေမယ့် တနင်္ဂနွေနေ့ အယ်လ်ခမာအသင်းနဲ့ ပွဲမတိုင်ခင်အထိ စောင့်ဆိုင်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် နယ်သာလန်ဂန္ထဝင်က ဗုဒ္ဓဟူးနေ့တုန်းက အသင်းကနေ ထွက်ခွာတော့မယ်လို့ တာဝန်ရှိသူတွေကို အသိပေးခဲ့ပါတယ်။

တစ်ရာသီအတွင်းမှာပဲ နစ္စတယ်ရွိုင်းဟာ နယ်သာလန်ဖလားနဲ့ နယ်သာလန်စူပါဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။ အသင်းဘက်ကလည်း ဗုဒ္ဓဟူးနေ့မှာပဲ သူ့ရဲ့အသင်းအတွက် ကိုင်တွယ်ပေးခဲ့တာတွေကို ကျေးဇူးတင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“ဗန်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပီအက်စ်ဗွီက နောင်တရမိပါတယ်။ သူဟာ အသင်းကို ဆုဖလား ၂ လုံးရယူပေးနိုင်ခဲ့သလို အသင်းကလည်း အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ဖို့ နီးစပ်စေခဲ့ပါတယ်”လို့ ဗီအက်စ်ဗွီက ရေးသားခဲ့ပါတယ်။

အသက် ၄၆ နှစ်သားဟာ ပီအက်စ်ဗွီကို ပွဲ ၅၀ ကိုင်တွယ်ရာမှာ ၃၄ ပွဲနိုင် ၊ ၈ ပွဲသရေ ၊ ၈ ပွဲ အရေးနိမ့်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာလည်း ဒုတိယအဆင့်အထိ တက်ရောက်နိုင်ခဲ့သလို အာဆင်နယ်ကိုလည်း အောက်တိုဘာလတုန်းက ၂-၀ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အသင်းဘက်ကတော့ နစ္စတယ်ရွိုင်းနေရာမှာ ရက်တ်တန်နဲ့ အစားထိုးမှာဖြစ်ပါတယ်။

#ပီအက်စ်ဗွီ #နစ္စတယ်ရွိုင်း