ရှေ့သို့
Image

လာမယ့်ရာသီအသင်းမှာ ဆက်ရှိနိုင်တဲ့ ယူနိုက်တက်စတား ဝမ်ဘစ်ဆာကာ

1:04 PM, 25 May

သတင်းတွေက ဝမ်ဘစ်ဆာကာတစ်ယောက် ယူနိုက်တက်ကနေ ထွက်ခွာရနိုင်တယ်လို့ ဖော်ပြနေကြပေမယ့် ဒုတိယရာသီဝက်မှာပြသခဲ့တဲ့ ခြေစွမ်းကြောင့် ယူနိုက်တက်မှာ ဆက်ရှိဖို့ များနေပါတယ်။

ဝမ်ဘစ်ဆာကာဟာ ၂၀၁၉ နွေရာသီတုန်းက ခရစ္စတယ်ပဲလေ့စ်ကနေ ယူနိုက်တက်အသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး အသင်းမှာ အနာဂတ်မသေချာသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါလော့တ်က အခုရာသီမှာ ဘယ်နောက်ခံလူနေရာကို ရွှေ့ကစားနေရတာကြောင့် ဝမ်ဘစ်ဆာကာတစ်ယောက် ရာသီကုန်ခါနီးမှာ နေရာရလာခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ အင်္ဂလန်သားဟာ ယူနိုက်တက်မှာ အနာဂတ်မသေချာသေးဘူးလို့ ဖော်ပြနေကြပြီး တန်ဟက်က ညာနောက်ခံလူသစ်ခေါ်ယူချင်နေကြပါတယ်။ ဝမ်ဘစ်ဆာကာဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၁၈ ပွဲ ပါဝင်ကစားထားပြီး ၁၀ ပွဲပေးဂိုး မပေးရအောင် စွမ်းဆောင်နိုင်ခဲ့ကာ အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ပေမယ့် တန်ဟက်ကတော့ ညာနောက်ခံလူသစ်ရှာဖွေနေဆဲဖြစ်ကာ လေဗာကူဆင်စတား ဖရင်းပေါင်ကို မျက်စိကျနေပါတယ်။ ဒါလော့ကိုလည်း ဒေ့ါမွန်က စိတ်ဝင်စားနေပြီး ပေါ်တူဂီသားဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။

အသင်းကနေ မက်ဂွါရီ၊ ဘရန်ဒန်ဝီလီယံ၊ တွမ်ဇီဘီ နဲ့ ဖီးလ်ဂျုံးစ်တို့ ထွက်ခွာမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝမ်ဘစ်ဆာကာ #ပရီးမီးယားလိဂ်