ရှေ့သို့
Image

နွေရာသီအပြောင်းအရွှေ့မတိုင်ခင် ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို တော့ဒ်ဘိုဟီ ပြုလုပ်

9:54 AM, 25 May

ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ်ဘိုဟီတစ်ယောက် ပထမဆုံးရာသီမှာ အသင်းအတွင်း သူ့ရဲ့ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး သင်ခန်းစာရလောက်ပြီဖြစ်ပါတယ်။

ဘိုဟီဟာ ချဲလ်ဆီးကို ၂၀၂၂ မေလတုန်းက စတင်တာဝန်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့လုပ်ငန်းစဉ်အားလုံးမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ဘိုဟီလေဟာ သူ့ရဲ့တစ်နေတာရဲ့ ၂၀% ကို စတန်းဖို့ဒ်ဘရစ်ချ်က ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ခဲ့ပြီး အသင်းအတွက်ကိုတော့ ၅၀% လောက် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘိုဟီရဲ့ပထမရာသီက ခက်ခဲကြမ်းတမ်းခဲ့ပြီး အသင်းက အပြောင်းအရွှေ့ ၂ ခုအတွင်း ပေါင်သန်း ၆၀၀ လောက်အထိ စံချိန်တင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ကနဦးတုန်းက ဂရေဟမ်ပေါ်တာကို ခန့်အပ်ခဲ့တာဖြစ်ပြီး အဲ့နောက် ရလဒ်တွေ ဆိုးဝါးလာခဲ့ကာ အသင်းကနှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး အဆင့်ရပ်တည်မှု စံချိန်တင်ခဲ့ပါတယ်။

သတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာ  ဘိုဟီက “အဲ့တာက ကမ္ဘာလုံးဆိုင်ရာ အားကစားပါ။ ယူအက်စ်မှာနဲ့ မတူတာက ကမ္ဘာပေါ်ကတိုင်းပြည်တိုင်းမှာ ထိပ်တန်းကစားသမားအတွက် တူညီမှုမရှိတာပါ။ ဈေးကွက်ထဲမှာ တစ်ယောက်ချင်းစီတိုင်းက မတူညီကြပါဘူး။ ပေါ်တူဂီဈေးကွက်၊ အင်္ဂလန်ဈေးကွက်၊ ပြင်သစ်ဈေးကွက် အဲ့လိုပါ။ ဈေးကွက်ထဲမှာ မင်းတည်ဆောက်ချင်တဲ့အသင်းအတွက် ကိုက်ညီတဲ့လူမျိုးကို ရှာဖွေရပါတယ်။  အဲ့ဒီမှာ သင်ယူရမှာတွေများပါတယ်။ ပရိသတ်တွေက အနိုင်ရဖို့ တောင်းဆိုသလို ကျွန်တော်တို့လည်း အနိုင်ရချင်ပါတယ်။ ကျွန်တော်တို့က ရေရှည်အတွက် စီစဉ်တာပါ။ ကျွန်တော်တို့လုပ်ရပ်အတွက် ယုံကြည်မှုရှိပါတယ်။ ကမ္ဘာ့အကောင်းဆုံးလိဂ်ကို ရထားသလို ကမ္ဘာ့အကောင်းဆုံးမြို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်”လို့ ဘိုဟီက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #တော့ဒ်ဘိုဟီ