ရှေ့သို့
Image

ဂျူဗင်တပ်စ်အသင်း ၁၀မှတ် လျော့ခံလိုက်ရတာဟာ လေးစားမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုက်တဲ့ အယ်လီဂရီ

1:24 PM, 24 May

၁၀ မှတ်လျော့ချလိုက်တာဟာ ဂျူဗင်တပ်စ်အသင်းအပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်ဖြစ်ပြီး သူဟာ အသင်းမှာ နည်းပြအဖြစ် ဆက်ရှိသွားမှာဖြစ်ပါတယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။

အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ၁၀ မှတ်လျော့ခြင်းခံခဲ့ရပြီနောက် ဂျူဗင်တပ်စ်ဟာ စီးရီအေ အမှတ်ပေးဇယားတွင် ထိပ်ဆုံး ၄သင်းရဲ့ ပြင်ပသို့ ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်သွားရပြီဖြစ်ပါတယ်။ ၁၅ မှတ်လျော့ချခြင်းအတွက် အရင်က အယူခံဝင်ခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ အမ်ပိုလီအား ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲမတိုင်ခင် အဆိုပါကိစ္စအတွက် သတိပြုမိနေခဲ့တာဖြစ်ကာ တူရင်မှာ ကံမကောင်းခဲ့ပါဘူးလို့ အယ်လီဂရီက ပြောကြားလိုက်ပါတယ်။

အမှတ်လျော့ခံရနှင့်ပတ်သက်ပြီး ကလပ်ရဲ့ သူ့ရဲ့အနာဂတ်အပေါ် ထိခိုက်မှုရှိနိုင်သလားလို့မေးရာတွင် အယ်လီဂရီက "ကျွန်တော်တို့အနေနဲ့ ကလပ်ကို ပြောဆိုရမှာဖြစ်ပြီး ဘယ်မှာကစားရမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဥရောပမှာ ဆက်ကစားခွင့်ပေးမလားဆိုတာကို မသိသေးပါဘူး။ ဒါကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ပြိုင်ပွဲကနေထွက်ရမယ်ဆိုရင် အစီစဉ်တစ်ခုချဖို့ရှိပါတယ်။ လာမယ့်ရာသီမှာ ဂျူဗင်တပ်စ်နေနဲ့ ချက်ချင်းဆိုသလို ဆုဖလားရရှိမလားဆိုတာ ကျွန်တော်တို့ မပြောနိုင်သော်လည်း အရေးကြီးတာကတော့ ခက်ခဲတဲ့အချိန်အတွင်းမှာ အကောင်းဆုံးလုပ်ဖို့ပဲဖြစ်ပါတယ်"

"လက်ရှိအချိန် ဂျူဗင်တပ်စ်ကနေ ထွက်ခွာမယ်ဆိုရင် ကျွန်တော့်အဖို့ အရှက်ရစရာဖြစ်မှာပါ။ ဒီညမှာ အခွင့်အရေးတစ်ခုကြောင့် စိတ်ပျက်မိပေမယ့် အသင်းက အခြေအနေကို စဉ်ဆက်မပြက်လိုက်လျော့ညီထွေဖြစ်အောင် လုပ်နေတာကြောင့် ဘာကိုမှ ရှုတ်ချလို့မရပါဘူး။ ကျွန်တော် ထောက်ပြချင်တာကတော့ ဂျူဗင်တပ်စ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာရပ်တည်နေပြီး ကွင်းအတွင်းမှာ ကျွန်တော်တို့က လုပ်နိုင်ခဲ့ပါတယ်။ အားလုံးကို ကျွန်တော်တို့ လက်ခံသော်လည်း အပြီးတိုင်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါဟာ ကစားသမားတွေနဲ့ နည်းပြတွေ အပေါ် လေးစားမှုကင်းမဲ့တဲ့ လုပ်ရပ်ပါ။ ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ ကျွန်တော် မပြောလိုပါဘူး၊ တစ်ခါတည်းဆုံးဖြတ်ဖို့ကိုတော့ သူတို့ကို တောင်းဆိုချင်ပါတယ်။ ဒါဟာ လုံးဝကို မယုံကြည်နိုင်စရာပါပဲ" လို့ DAZN သို့ ပြောပါတယ်။

အခုတော့ ဂျူဗင်တပ်စ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာသို့ ရောက်သွားပြီး ဥရောပဝင်ခွင့်ရဲ့ ပြင်ပသို့ ရောက်သွားခဲ့ပြီဖြစ်သော်လည်း သူ့အနေနဲ့ ကလပ်ကို ကူညီပေးဖို့ ရည်ရွယ်ချက်ရှိပါတယ်လို့ အယ်လီဂရီက ပြောထားပါတယ်။

"ဂျူဗင်တပ်စ်က အမြဲတမ်း ရပ်တည်နိုင်လာရမှာပါ၊ ကျွန်တော်တို့က ရှင်းရှင်းလင်းလင်းဖြစ်ဖို့တော့လိုပါတယ်။ အခုအခြေအနေက ဘယ်လိုလဲဆိုတာကိုသိပြီး လာမယ့်ရာသီကို စတင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အရာရာကို သည်းမခံနိုင်တော့ဘူးလို့ ထင်ရပေမယ့် ဒီလိုလုပ်မှုတွေကြောင့် အမှတ်တွေက ဘယ်ရောက်သွားမှန်းမသိပါဘူး။ ပြစ်ဒဏ်က ဘာလဲဆိုတာကိုက လွန်ခဲ့တဲ့ ၂ လ လောက်ကမှ ပြောပြခဲ့ပြီး ဓားထိုးခံရမလား အဆိပ်ခတ်ခံရမလားဆိုတာကို အနည်းဆုံးတော့ ကျွန်တော်တို့ သိချင်ပါတယ်" လို့ နည်းပြက ပြောပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ ၂ ပွဲ ကစားဖို့ ကျန်နေသေးပြီး အေစီမီလန်၊ အူဒီးနီးစ်တို့ရဲ့ ကစားရမှာဖြစ်ကာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားဖို့ မရှိတာနဲ့ ရင်ဆိုင်နေရတာကြောင့် နွေရာသီ အပြောင်းအရွှေ့အတွက် အစီစဉ်ကို ပြန်လည်သုံးသပ်ရတော့မှာဖြစ်ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ