ရှေ့သို့
Image

ရီးရဲလ်ပစ်မှတ် ဘယ်လင်ဂမ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ခန့်အထိ ဈေးဆိုလိုက်တဲ့ ဒေါ့မွန်

2:41 PM, 20 May

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆုဖလားဆွတ်ခူးနိုင်ရေးအတွက် အက္ခရာဖြစ်တဲ့ အကြိုဗိုလ်လု ပွဲစဉ် ဒုတိယအကျော့အဖြစ် မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် အိမ်ရှင်မန်စီး တီးအသင်းက ၄ဂိုး - ၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးတွေမှာ အရေးမလှခဲ့တာကြောင့်  ရီးရဲလ် မက်ဒရစ်အသင်းက ကစားသမားဖြည့်တင်းရန် ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

ဥရောပအခြေစိုက် သတင်းဌာနအချို့ရဲ့ ဖော်ပြချက်အရ နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်း အနေဖြင့် လက်ရှိဘောလုံးရာသီတွင် လာလီဂါပြိုင်ပွဲအတွင်းမှာပါ ဘာစီလိုနာအသင်းရဲ့ နောက်ကောက်ချခြင်းခံခဲ့ရတာ ကြောင့် ရှေ့ရာသီအတွက် ကွင်းလယ်ပိုင်းကို အဓိကပြင်ဆင်ရန် အားစိုက်နေပြီး ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဂမ်အတွက် ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေတာ ဖြစ်ပါတယ်။

နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ Sport Bild ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းက ဘယ်လင်ဂမ်အတွက် ပြောင်းရွေ့ကြေး ယူရိုသန်း ၁၀၀ အပြင် အပိုဆုကြေးထပ်မံပေးချေမယ့် ပုံစံဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေပေမဲ့ ဒေါ့မွန်အသင်းက ကစားသမားအတွက် ယူရိုသန်း ၁၅၀ခန့်အထိ ရယူရန် ဆန္ဒရှိနေပြီး ပြောင်းရွှေ့ကြေးပမာဏက ယူရိုသန်း ၅၀ခန့် ကွာဟချက် ရှိနေတာလည်း ဖြစ်ပါတယ်။

ယခုနှစ်ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ ၁၄ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်အနေဖြင့် ဒေါ့မွန်အသင်းတွင် ၂၀၂၅ခုနှစ်အထိ စာချူပ်သက်တမ်းကျန်ရှိနေတာပဲ ဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ဒေါ့မွန် #အပြောင်းအရွှေ့ #ဘယ်လင်ဂမ်