ရှေ့သို့
Image

ယူနိုက်တက် အသင်းဖော်တွေကိုတောင် စကားမပြောနိုင်ခဲ့ပါဘူးလို့ ပြောကြားလိုက်တဲ့ ဖီးလ်ဂျုံးစ်

10:39 AM, 20 May

ယူနိုက်တက်နှင့် ၁၂ နှစ်တာ ကာလကို အဆုံးသတ်တော့မှာဖြစ်ကြောင်း ဖီးလ်ဂျုံးစ်က ယူနိုက်တက် ပရိသတ်တွေထံ အိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်။ သောကြာနေမှာ အသင်းရဲ့သက်တမ်းရင့်ကစားသမားဖြစ်တဲ့ ရာသီကုန်မှာ အိုထးရက်ဖို့ဒ်ကနေ ထွက်ခွာမှာဖြစ်ကြောင်း ကလပ်က အတည်ပြုခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ယူနိုက်တက်အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားပေးခဲ့သူဖြစ်ပြီး ၂၀၁၁ခုနှစ် ဘလက်ဘန်းကနေ ရောက်လာခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်အတွက် ၂၂၉ ပွဲအထိ ကစားပေးခဲ့သူဖြစ်ပါတယ်။ နောက်တန်းကစားသမားဘဝက အတက်အကျကြမ်းခဲ့ပြီး အသင်းဖော်တွေကိုတောင် စကားမပြောဆိုနိုင်ခဲ့ပါဘူးလို့ ပြောကြားထားပါတယ်။

"ယူနိုက်တက်မှာရှိနေစဉ်တစ်လျှောက်လုံး ကျွန်တော့်ကို အားပေးခဲ့တဲ့ ပရိသတ်တွေကို စကားတိုက်ရိုက်ပြောချင်ခဲ့တာပါ" "ကလပ်ကနေ ထွက်ခွာဖို့ဆိုတာက ခက်ခဲပါတယ်။ ဘလက်ဘန်းကနေတုန်းကလည်း ကျွန်တော်လုပ်ခဲ့ဖူးပါတယ် အဲ့ဒီတုန်းက အသက် ၁၉ နှစ်အရွယ်သာ ရှိသေးပြီး ဒီလိုမျိုးထပ်လုပ်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး" "ယူနိုက်တက်မှာရှိစဉ်က မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုတွေရှိခဲ့ပါတယ်။ ဘလက်ဘန်းကနေ ထွက်ခွာချိန်တုန်းကလည်း ကျွန်တော်ကိုယ့်ကိုကျွန်တော် သက်သေပြခြင်ခဲ့ပါတယ်။ ကျွန်တော့် ငယ်ဘဝ ကလပ်ကို ကိုယ်စားပြုပြီး အိပ်မက်တွေမက်ဖူးပါတယ်။ ကျွန်တော်က အမြင့်ဆုံးအဆင့်မှာ ကစာနိုင်တယ်ဆိုတာ အားလုံးကို ပြသချင်တာပါ" "ဒီဂျာစီကို တစ်ကြိမ်ဝတ်ဆင်လိုက်တာနဲ့ ဒီတံဆိပ်ကို တစ်ကြိမ်ဝတ်ဆင်လိုက်တာနဲ့ သူနဲ့ပတ်သက်တာတွေအားလုံးကို ကိုယ်စားပြုလိုက်တာပါပဲ ဒါက ဂုဏ်ယူစရာပါ" လို့ ဖီးလ်ဂျုံးစ်က ပြောပါတယ်။

ဖာဂူဆန်ရဲ့ ဂရုစိုက်မှုအောက်တွင် အစပိုင်းက တိုးတက်လာခဲ့သော်လည်း အိုးထရက်ဖို့ဒ်ရှိ ကစားသမားဘဝ တစ်ဝက်လောက်အရောက်မှာ ဒဏ်ရာပြဿနာတွေနဲ့ စတင်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ဒူးဒဏ်ရာကြောင့် လွန်ခဲ့တဲ့ ၃ နှစ်ခွဲအတွင်း ၅ ကြိမ်သာ ကစားခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ကြံ့ခိုင်မှုပြည့်ဝဖို့အတွက် လုံလောက်မှုမရှိဘူးလို့ ဆေးအဖွဲ့ရဲ့ မှတ်ချက်ကိုလည်း ရရှိခဲ့ပါတယ်လို့ ပြောထားပါတယ်။

"ပွဲတွေအများကြီး ကစားရဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်နဲ့အတူ တွဲကစားတဲ့သူတွေအတွက် ပိုပြီးလုပ်ဆောင်ပေးချင်တဲ့ ဆန္ဒရှိပါတယ်။ လုပ်နိုင်တာတွေအားလုံးလုပ်ပေးခဲ့ပါတယ်လို့ ရင်ထဲကနေပြီး ပြောချင်ပါတယ်။ ဆေးအဖွဲ့က ခိုင်းတာမှန်သမျှ ကျွန်တော်အားလုံးလုပ်ပေးခဲ့ပါတယ်" "ဒဏ်ရာကနေ ပြန်သက်သာချင်တဲ့အတွက် မိသားစုနဲ့အဝေးမှာ ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ပြီး ပြန်လည်ကြံ့ခိုင်မှုပြည့်ဝရေး ဒဏ်ရာသက်သာလာရေး ကြိုးစားခဲ့ပါတယ်" "အသင်းဖော်တွေကိုတောင် စကားမပြောနိုင်ခဲ့ပါဘူးလို့ အရင်က ကျွန်တော်ပြောဖူးပါတယ်။ သူတို့ကို မကူညီပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ပွဲစဉ်ကစားတဲ့ရက်တွေမှာလည်း ကျွန်တော့်ကို မတွေ့ရတဲ့အတွက် မိသားစုကလည်း စိတ်မကောင်းဖြစ်ရပါတယ်" လို့ ဂျုံးစ်က ပြောပါတယ်။

နယ်သာလန်သားက အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတာဖြစ်ပြီး တန်ဟက်နဲ့ကလပ်ရှိ ကျန်ရှိသူတွေအားလုံးကို အဆင်ပြေစေဖို့အတွက် သူက ဆုတောင်းထားပါတယ်။

သူ့ရဲ့စာထဲမှာ ဂျုံးစ်က "ယူနိုက်တက်မှာ ကျွန်တော့်ကို ကူညီပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်"
"အထူးအနေဖြင့် ကျွန်တော်ကို အရာအားလုံးကို ကူညီပေးခဲ့တဲ့ ကျွန်တော်ရဲ့မိသားစု ကျွန်တော့်အမျိုးသမီးနဲ့ သမီးလေး ၂ဦးကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့အားပေးမှုမရှိဘဲ ဒီလိုစကားတွေကျွန်တော် မပြောနိုင်ပါဘူး" လို့ ပြောပါတယ်။

နောက်ထပ်အသင်းပြောင်းဖိုအတွက် ဂျုံးစ်က အချိန်ယူရမှာဖြစ်ကြောင်း ယူနိုက်တက် ပြောထားပြီး အနားယူမလား နောက်ထပ်ကလပ်မှာ ကစားမလားဆိုတာ မသိသေးပါဘူး။ အိုးထရက်ဖို့ဒ်မှာ ရှိစဉ် ဂျုံးစ်ဟာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်နှင့်အတူ ကွန်မြူနတီဒိုင်း ၂ ကြိမ်လည်း ရရှိထားပါတယ်။

ရာသီပြီးဆုံးဖို့အတွက် ယူနိုက်တက်ဟာ ၄ ပွဲကစားရမှာဖြစ်ပြီး စနေနေ့ ဘုန်းမောက်နှင့်ပွဲက စတင်ရမှာဖြစ်ပါတယ်။ ဇွန်လ ၃ ရက်နေ့ ဝင်ဘာလေမှာ ကစားမယ့် မန်စီးတီးနှင့် အက်ဖ်အေဖလားဖိုင်နယ် မတိုင်ခင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် ချဲလ်ဆီး၊ ဖူလ်ဟမ်တို့နှင့် ကစားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ် #ပရီးမီးယားလိဂ်