ရှေ့သို့
Image

ရမ်စ်ဒေးလ်ဟာ စာချုပ်သစ်နဲ့ ထိုက်တန်တဲ့သူလို့ အာတီတာ ပြောကြား

10:20 AM, 20 May

အာဆင်နယ်နည်းပြ အာတီတာက ရမ်စ်ဒေးလ်တစ်ယောက် စာချုပ်သက်တမ်း တိုးခဲ့တဲ့အတွက် ပျော်ရွှင်နေပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီအာဆင်နယ်အတွက် ၁၃ ပွဲအထိ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သလို အသင်းအတွက် အရေးပါတဲ့ကာကွယ်မှုတွေလည်း ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာက ရမ်စ်ဒေးလ်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့တဲ့အတွက် ကျေနပ်နေပြီး သူ့အသင်းက လာမယ့်ရာသီချန်ပီယံလိဂ်မှာ တောက်ပလိမ့်မယ်လို့ ဆိုပါတယ်။

“အာရွန်ကို အသင်းမှာ ဆက်ထိန်းထားနိုင်လို့ ဝမ်းသာမိပါတယ်။သူက စာချုပ်သစ်နဲ့ အပြည့်အဝထိုက်တန်တဲ့သူပါ။ ကျွန်တော်အသင်းကို အရည်အချင်းရှိတဲ့သူတွေနဲ့ တည်ဆောက်ချင်ပါတယ်။ ကျွန်တော်တို့ အနည်းငယ်ချိတ်ဆက်မှုတွေရှိနေပြီး ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ ရှေ့ဆက်သွားရမှာပါ။ အဲ့တာတွေနဲ့ အသင်းကို တည်ဆောက်လိုပြီး အရည်အချင်းအများကြီးရှိတဲ့ကစားသမားတွေ ၊ စိတ်အားထက်သန်မှုတွေနဲ့ မှန်ကန်တဲ့အတွေ့အကြုံတွေလိုအပ်ပါတယ်။ ကျွန်တော်တို့ ဆက်လုပ်ဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ တောင်းဆိုမှုတွေရှိသလို မျှော်လင့်ချက်တွေ နဲ့ လာမယ့်ရာသီသစ်က ပိုပြီးစိန်ခေါ်မှုများနိုင်တာကြောင့်ပါ။ ဒီနေ့ဘယ်ရောက်နေလဲဆိုတာနဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာမလိုပါဘူး။ အသင်းက ဒီရာသီမှာ ၈၀% လောက် အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး တိုးတက်ဖို့ လိုအပ်နေတာတွေရှိနေပါသေးတယ်။ ကစားသမားတွေအပြင် လုပ်ငန်းစဉ် ၊ လူခေါ်ယူမှုလည်း တိုးတက်ဖို့ လိုအပ်ပါတယ်”လို့ အာတီတာက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမတိုင်ခင် ပြောကြားးခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ်