ရှေ့သို့
Image

ကာရာဘောင်ဖလားအတွက် အလွန်အကျူးအောင်ပွဲခံခဲ့တဲ့ ယူနိုက်တက်ကို ဝေဖန်လိုက်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်ထောင်ဟောင်း

9:39 AM, 20 May

ဖေဖော်ဝါရီလတုန်းက ဝင်ဘာလေတွင် ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ နယူးကာဆယ်ကို ကက်စ်မဲရိုးနှင့် ရက်ချ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး တန်ဟက်ရဲ့လက်ထက် ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ယူနိုက်တက်ရဲ့ ကစားပုံက အနည်းငယ်ကျဆင်းလာခဲ့ပြီး ဆုဖလား ၄ လုံးရရှိရန် အလားအလာရှိတယ်လို့ ပြောခဲ့ကြသော်လည်း ပရီးမီးယားလိဂ်တွင်‌ ရလဒ်မကောင်းခဲ့သလို ယူရိုပါလိဂ်တွင်လည်း ဆီဗီလာကို ရှုံးနိမ့်ကာ ပြိုင်ပွဲက‌နေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ တန်ဟက်ရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကြိတ်အနယ်ကြိုးစားနေရပြီး လီဗာပူးနှင့် ၁ မှတ်ကွာအနေအထားမှာ ရှိနေတာကြောင့် လက်ကျန် ၃ ပွဲမှာ ၂ ပွဲကို အနိုင်ရရှိအောင် ကစားရတော့မှာဖြစ်ပါတယ်။

လာမယ့်လ ဝင်ဘာလေတွင်ကစားမည့် အက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်တွင် မန်စီးတီးကို အနိုင်ကစားပြီး သူတို့ရဲ့ နာမည်ကြီး ဆုဖလား ၃လုံး ရရှိထားတဲ့ စံချိန်ကို ယူနိုက်တက်က ထိန်းသိမ်းရမှာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုဖော်ဆောင်ဖို့ လိုအပ်ပြီး ကာရာဘောင်ဖလားကို ရရှိခဲ့ပြီးနောက် အသင်းရဲ့စိတ်ဓာတ်က မြင့်တက်သွားခဲ့တယ်လို့ထင်မိကြောင်း လက်ထောက်နည်းပြဟောင်း မီလန်စတန်က ပြောကြားထားကာ အသင်းရဲ့အောင်ပွဲခံမှုက အနည်းငယ်ပိုနေပါတယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။

"ယူနိုက်တက်သို့ရောက်လာတဲ့ ကစားသမားတွေအားလုံးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုက တစ်ပွဲတည်းကစားလိုက်ရုံနဲ့မပြီးသွားပါဘူး ထက်မြက်တယ် ချီးကျူးစရာတွေ အားလုံးကို ရရှိနိုင်ပြီး နောက်ထပ်မဖြစ်လာတာပါပဲ" "ဒီလိုအချက်မှာ ကျွန်တော်တို့အတူလုပ်ဆောင်ခဲ့တဲ့ အသင်းက အားသာချက်ရှိပါတယ်။ တည်ငြိမ်တယ်၊အဆင့်မြင့်တန်းမှာ ခြေစွမ်းက ဆက်တိုက်တည်ငြိမ်ပါတယ်"
"ဒါကြောင့် အာဆင်နယ်နှင့် လီဗာပူးတို့ နိုင်ပွဲက ဝေးကွာသွားခြင်းမရှိပါဘူး။ ကောင်းပါတယ် ၃ မှတ်ရရှိပြီး နောက်ထပ် ပြဿနာမရှိပါဘူး။ ချန်ပီယံလိဂ်မှာလည်း အတူတူပါပဲ။ ခရီးတွေသွားရတာကို ဘယ်လိုဖြေရှင်းခဲ့သလဲ ဒါက စီမံခန့်ခွဲမှုနဲ့ အသင်းကို စီမံခန့်ခွဲမှုကြောင့်ဖြစ်ပါတယ်"

"အာရုံစိုက်မှုလွတ်သွားခြင်းမရှိဘဲ အဆက်မြတ်အာရုံစိုက်ရမှာပါ။ ကာရာဘောင်းဖလားရရှိခဲ့ပြိးနောက် ပြဿနာရှိခဲ့ပါတယ်" "ယူနိုတက်က ကာရာဘောင်ဖလားရတာ အရမ်းကိုကောင်းပါတယ်။ နည်းပြတိုင်းကလည်း ဒီလိုမျိုးကိုလိုချင်ကြပါတယ်။ ဒါက ပျော်ဖို့ကောင်းပြီး အောင်ပွဲခံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်အမင်း အောင်ပွဲမခံစေလိုပါဘူး" "ကောင်းတယ် ဖလားရလို့ ပျော်မိပါတယ်။ ကစားသမားတွေအတွက်လည်း စိတ်ကျေနပ်စရာပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီးရှိပါတယ်။ ချန်ပီယံလိဂ်ဖလားရသလို အောင်ပွဲမခံသင့်ပါဘူး၊ ဒါက ပြဿနာတစ်ခုဖြစ်ပြီး ကျွန်တော်ဘာကိုဆိုလိုသလဲဆိုတာကိုရော နားလည်ကြပါသလား" "ကာရာဘောင်ဖလားရတာနဲ့ ယူနိုက်တက်က မပျော်သင့်ပါဘူး။ မန်စီးတီးနဲ့ ကစားဖို့ အခွင့်အရေးအကြီးကြီး ကျန်ပါသေးတယ် ဒီလိုပွဲစဉ်မျိုးကသာ ကျွန်တော်တို့က ဘယ်နေရာမရှိနေသလဲဆိုတာကို တိုင်းတာသွားမှာ သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်" လို့ မီလန်စတန်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ကာရာဘောင်ဖလား