ရှေ့သို့
Image

ပွဲကစားခွင့်ရှစ်လ ပိတ်ပင်ခံရပေမယ့် ပြောင်းရွှေ့ကြေးကြီးကြီးမားမားနဲ့ အသင်းကြီး တစ်သင်းကို ရောက်နိုင်တဲ့ တိုနေး

1:37 PM, 19 May

ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှူးဖြစ်သူ တိုနေးသည် အက်ဖ်အေ၏ လောင်းကစားစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည့်အတွက် ပွဲကစားခွင့် ရှစ်လပိတ်ပင်ခံခဲ့ရပါတယ်။

အဆိုပါ အင်္ဂလန်တိုက်စစ်မှူးသည် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ဖောက်ဖျက်မှု ၂၃၂ မှုဖြင့် တရားစွဲဆိုခံရပြီးနောက် ယခုအခါပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ တိုနေးသည် ဒဏ်ငွေ ပေါင် ၅၀,၀၀၀ ဒဏ်ရိုက်ခံခဲ့ရပြီး ၎င်း၏ အပြုအမူအတွက် လာမည့်စက်တင်ဘာလအထိ အသင်းတွင် လေ့ကျင့်ခွင့်ရမည်မဟုတ်ကြောင်းသိရပြီး နောက်နှစ် ဇန်နဝါရီလလယ်အထိ ပွဲစဉ်များကို လွဲချော်နိုင်ဖွယ်ရှိနေပါတယ်။

တိုနေး၏ ဆိုင်းငံ့ခံရမှုသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် ထိပ်တန်းအသင်းတစ်သင်းသို့ ပြောင်းရွှေ့ခွင့်ရရှိရေး မျှော်လင့်ချက်များကို အဆုံးသတ်ရန် အလားအလာရှိနေကြောင်းသိရပါတယ်။ မကြာသေးမီက ချဲလ်ဆီးအသင်းမှ ချိတ်ဆက်မှုနှင့်အတူ အခြားသောအသင်းအများအပြားသည်လည်း ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကဲ့သို့ ယခုရာသီတွင် ဘရန်ဖို့ဒ်အတွက်ခြေစွမ်းပြနေသော တိုနေးကို ခေါ်ယူရန် မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် အင်္ဂလန်တိုက်စစ်မှုးဟောင်း ဒါရင်းဘန့် ကတော့ တိုနေး ဟာ ရာသီကုန်မှာ ပြောင်းရွှေ့ကြေးအမြောက်အများနဲ့ အသင်းပြောင်းရွှေ့နိုင်သေးတယ်လို့ တွက်ဆထားပါတယ်။
တိုနေးသည် ရှစ်လကြာ ပွဲပယ်ခံထားရပေမယ့် ၎င်းအားလိုချင်သော ကလပ်အသင်းများသည် ပေါင်သန်း ၈၀ အထိ ပေးချေရန် ဆန္ဒရှိမည်ဟုပင် ၎င်းက တွက်ဆထားပါတယ်။

ဒါရင်းဘန့်က "မင်းဘာလုပ်ရမလဲဆိုတာ မင်းသိလား။ သူ့ကို ရှစ်လကြာ ပိတ်ပင်ခံထားရပြီး ဇန်နဝါရီအထိ မပါဝင်နိုင်တော့ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ကြီးကြီးမားမားတစ်ယောက်ယောက်က သူ့ကိုရနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘရန်ဖို့က ဘာလုပ်မလဲဆိုတာ မင်းသိပါတယ်၊ သူတို့မှာ ယိုနေးဝီဆာနဲ့ ဘရိုင်ယန်ဗျူမိုရှိတယ်။ ချဲလ်ဆီးက သူ့အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ ဝင်လာတာနဲ့ ဘရန့်ဖို့ဒ်က အဲဒီငွေကိုယူပြီး သူ့နေရာမှာ တစ်ခြားတစ်ယောက်နဲ့ အစားထိုးဖို့ လိုပါလိမ့်မယ်။ ဘရန့်ဖို့ဒ်က တန်းဆင်းရနိုင်မယ်လို့ မထင်ပေမယ့် လာမယ့်ရာသီမှာတော့ ပိုခက်ခဲပါလိမ့်မယ်။ သူတို့က ပေါင် သန်း ၇၀ ဒါမှမဟုတ် ၈၀ ကို ယူပြီး သူ့နေရာမှာ အစားထိုးရလိမ့်မယ်၊ သူက ကြီးမားတဲ့ လွဲချော်မှုဖြစ်လိမ့်မယ်။ သူ ကြီးကြီးမားမား လွဲချော်သွားလိမ့်မယ် ဆိုတဲ့ အချက်ကို မင်း ဖုံးကွယ်လို့ မရဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဘရန်ဖို့ဒ် နည်းပြ သောမတ်စ်ဖရန့်ခ်က တိုနေးက ပိုကြီးတဲ့ကလပ်မှာ ပိုပြီးတောက်ပနိုင်တယ်လို့ ခံစားရကြောင်းပြောကြားခဲ့ပါတယ်။

“အိုင်ဗန်က ထိပ်ဆုံးလေးသင်းမှာ ကစားနေတယ်ဆိုရင် ၂၅ ဂိုးထိ သွင်းလိမ့်မယ်။ အဲဒါကို ကျွန်တော် ယုံတယ်။ သူဟာ ကျွန်တော်တို့အတွက်သာမက တခြားကလပ်အသင်းတွေအတွက်ပါ ကစားပေးနေရတာကို ကျွန်တော် အရမ်းပျော်ပါတယ်၊ သူလုပ်ခဲ့တာတွေက မှတ်သားစရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်"လို့ သောမတ်ဖရန့်ခ်က aပြောကြားခဲ့ပါတယ်။
တိုနေးဟာ ၂၀၂၀ခုနှစ်မှာ ပီတာဘရော့ချ်အသင်းမှ ဘရန့်ဖို့ဒ်သို့ ပေါင် ၁၀ သန်းဝန်းကျင်ဖြင့်ပြောင်းရွှေ့လာခဲ့ပြီး သူ့ရဲ့ပွဲဦးထွက်ရာသီမှာ ၃၁ ဂိုးထိသွင်းယူပြီး ဘရန့်ဖို့ဒ်အသင်းကို ပရီးမီးယားလိဂ်သို့တန်းတက်စေခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာလည်း ဘရန်ဖို့အတွက် ဂိုး ၂၀ သွင်းယူပြီးနောက် တိုနေးဟာ သူ့ရဲ့ ဘရန်ဖို့ဒ်အသင်းကို ပရီးမီးယားလိဂ်ရဲ့ ဇယားတစ်ဝက်ထိရောက်အောင်ကူညီထားနိုင်ခဲ့တာဖြစ်ပါတယ်။ ၎င်းဆိုင်းငံ့ခံရခြင်းနှင့် ပတ်သက်၍ ဘရန်ဖို့ဒ်အသင်း က “တိုနေးသည် အက်ဖ်အေ စည်းမျဉ်း E8 ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရခဲ့ပြီး ယခုသီတင်းပတ်အစောပိုင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြားနာမှုတစ်ခု ပြုလုပ်ခဲပါတယ်။ ဘရန့်ဖို့ဒ်အသင်း သည် လွတ်လပ်သော စည်းမျဉ်းစည်းကမ်းကော်မရှင်၏ ရေးသားထားသော အကြောင်းပြချက် ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေပါတယ်။ နောက်ထပ်အဆင့်များကို မစဉ်းစားမီ ၎င်းတို့ကို ပြန်လည်သုံးသပ်ပါမည်"ဟု ထုတ်ပြန်ခဲ့ပါတယ်။

အက်ဖ်အေ၏ တရားဝင်ထုတ်ပြန်ချက်တွင် တိုနေး အား ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုအားလုံးကို ဇန်နဝါရီ ၁၆ ရက်နေ့အထိ ရှစ်လကြာ ဆိုင်းငံ့ထားခဲ့ပြီး  ဒဏ်ငွေ ပေါင် ၅၀,၀၀၀ ပေးဆောင်ရန်၊ ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှူးသည် အက်ဖ်အေ စည်းမျဉ်း E8 ကို ၂၀၁၇ ဖေဖော်ဝါရီ ၂၅ မှ ၂၀၂၁ ဇန်နဝါရီ ၂၃ အထိ ပြစ်မှု စုစုပေါင်း ၂၆၂ ခုအတွက် စွဲချက်တင်ခဲ့ကြောင်းသိရပါတယ်။

တိုနေးသည် အဆိုပါစွဲချက်တင်သည့်အမှုများမှ ၃၀ ကို ငြင်းပယ်ခဲ့ပြီး ကျန် ၂၃၂ ချက်ကို ဝန်ခံခဲ့ကြောင်း သိရပါတယ်။ ကြားနာမှုအပြီး လွတ်လပ်တဲ့ စည်းမျဉ်းကော်မရှင်က သူ့ရဲ့ ပိတ်ဆို့အရေးယူမှုကို နောက်ပိုင်းမှာ ချမှတ်ခဲ့ပါတယ်။

၎င်းအား ၂၀၂၃ ခုနှစ်စက်တင်ဘာ ၁၇ ရက်မှစတင်၍ ဆိုင်းငံ့ခံရခြင်းပြစ်ဒဏ်၏ နောက်ဆုံးလေးလတွင် လေ့ကျင့်ခန်းပြုလုပ်ရန်အတွက်သာ သူ၏ကလပ်သို့ ပြန်လာရန်ခွင့်ပြုထားကြောင်း သိရပါတယ်။ ထိုပြစ်ဒဏ်များအတွက် လွတ်လပ်သော စည်းမျဉ်းကော်မရှင်၏ ရေးသားထားသော အကြောင်းပြချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်မည်ဖြစ်ပြီး အက်ဖ်အေသည် ၎င်းတို့အား ထပ်မံမှတ်ချက်ပေးခြင်းမပြုမီ ပြန်လည်သုံးသပ်ရန် စောင့်ဆိုင်းနေမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

#ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ် #တိုနေး